Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 4, 2014

လက်ပံတောင်း တောင်ခြေ နတ်ကွန်းတွင် နတ်များ ပင့်ဖိတ်၍ ကျိန်စာတိုက်ဟုဆို

မုံရွာ၊ မတ် ၃
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းခြင်း မရှိဘဲ လုပ်ကိုင်လျက် ရှိသည့် စီမံကိန်း ကုမ္ပဏီများကို ဝက်မှေးရွာဟောင်း အနီး လက်ပံတောင်း တောင်ခြေရှိ တောင်ကြီးရှင် နတ်နန်းတွင် မတ်လ ၃ ရက်နေ့ နံနက်ပိုင်းက ဒေသခံများက နတ်များ ပင့်ဖိတ်၍ ကျိန်စာ တိုက်ခဲ့သည်ဟု ဝက်မှေးရွာဟောင်း ဒေသခံများ၏ အဆိုအရ သိရသည်။
မြန်မာ ၁၂ လ ရာသီများအနက် တပေါင်းလဆန်း သုံးရက် (မတ်လ ၃ ရက်နေ့) သည် အညာဒေသခံများ ယုံကြည်သည့် ပုန်းမကြည်မနေ့ ဖြစ်သောကြောင့် ဒေသခံ ၁၀၀ ခန့် ပူဇော်ပသရန် ကန်တော့ပွဲများ စီမံ၍ တောင်ခြေရှိ နတ်နန်းတွင် ပူဇော်ပသခြင်းများ ပြုလုပ်ပြီး တောင်စောင့် နတ်များကို ပင့်ဖိတ်၍ ဒေသခံများ ဘဝပျက်သည် အထိ ခံစားခဲ့ရသလို ကုမ္ပဏီကိုလည်း ပြန်လည်ပြီး ခံစားစေချင်တဲ့ စိတ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း နတ်ပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောဆိုသည်။
“ဒီတောင်ကြီးရှင် နတ်ပွဲက နှစ်တိုင်း ရိုးရာအရ လုပ်နေကြပွဲပါ။ တချို့ နတ်နန်းတွေက စီမံကိန်းက ကာယံထားတဲ့ သံဇကာ ခြံစည်းရိုးတွေထဲ ရောက်ကုန်ပါပြီ။ ဒီနတ်ကွန်းကတော့ ခြံစည်းရိုး အပြင်မှာဘဲ ရှိပါသေးတယ်။ ဒါကြောင့် ဒီနေ့ ရိုးရာမပျက် လာပြီး ဆုတောင်းကြတာပါ။ အရင်တုန်းက စီပွားရေးကိစ္စ၊ လူမှုရေးကိစ္စတွေ တိုင်တည် ဆုပန်ခဲ့ပေမယ့် ဒီနှစ်တော့ လက်ပံတောင်း တောင်ကြီး မပျက်စေဖို့ တိုင်တည်ကြတာပါ” ဟု က်မှေးရွာခံ အမျိုးသမီးကြီး တစ်ဦးက ရှင်းပြသည်။
နတ်ကွန်းအနီးတွင် အုန်းပွဲ ငှက်ပျောပွဲများ၊ လက်ဖက်ပွဲများနှင့် ပူဇော်ထားပြီး ဒေသခံ ရွာသားများမှလည်း တူရိယာ ပစ္စည်းများဖြင့် နတ်ပင့် သီချင်းများ သီဆို တီးခတ်ခဲ့ကြကာ၊ ဝက်မှေးရွာဟောင်း၊ ကျော်ရွာ၊ မိုးကြိုးပြင်တောင်ရွာ၊ အလယ်ရွာ၊ ဖောင်းကားရွာ၊ ဇီးတောရွာနှင့် ကျောက်ဖြူတိုင် ရွာတို့က ဒေသခံများ လာရောက်ခဲ့ကြောင်း သိရသည်။
တောင်စောင့် နတ်များအား ပင့်ဖိတ်၍ ကျိန်စာတိုက်သည့် ပွဲတစ်ခုအား ယခင်က ကျေးရွာပေါင်း၂၆ ရွာမှ ဒေသခံများ စုပေါင်း၍ ပြုလုပ်ခဲ့ဖူးပြီး၊ ယခုအခါ ဒုတိယအကြိမ် ထပ်မံ၍ တောင်ခြေရှိ နတ်ကွန်းတွင် ဒေသခံများမှ ထပ်မံ၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

No comments:

Post a Comment