စနေနေ့ ကပျောက်သွားတဲ့ဘိုးရင်း 777-200ERပုံဖြစ်ပါတယ်။ ဒီဇင်ဘာ၂၆၊၂၀၁၁ ပြင်သစ် ချားဒီဂေါလ်လေဆိပ်ကအတက်Laurent Erreraဆိုသူ ရိုက်ကူးထားတဲ့ပုံဖြစ်ပါတယ်။
စနေနေ့ ကပျောက်ဆုံးသွားတဲ့မလေးရှားလေကြောင်းလိုင်းပေါ်မှာ အမေရိကန်နိုင်ငံသားသုံးဦးပါသွားတယ် လို့  အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကအတည်ပြုပါတယ်။
ပြောခွင့်ရအမျိုးသမီး ဂျင်းပက်စ်ကီကကွာလာလမ်ပူနဲ့ ပီကင်းကအမေရိကန်သံရုံးအရာရှိတွေဟာ ခရီး သည် တွေ ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ ဆုံခဲ့တယ်၊လေယာဉ်ပေါ်ပါသွားတဲ့ တခြားအမေရိကန်နိုင်ငံ
သားတွေကျန်ရှိနေသေး သလားဆိုတာဆက်လက်စုံစမ်း နေတုန်းပဲလို့ ပြောပါတယ်။
စနေနေ့ မနက်အစောပိုင်းကမလေးရှားကနေ ပီကင်းကိုထွက်ခွာသွားတဲ့ ဘိုးရင်း7770200ER ဟာစတင်ပျံ သန်းပြီးတစ်နာရီကျော်လောက်မှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။
လေယာဉ်ပေါ်ပါသွားတဲ့ခရီးသွားများရဲ့ မိသားစုဝင်များအတွက်ဝမ်းနည်းကြောင်း ပက်စ်ကီကထပ်မံပြောကြားခဲ့ပါတယ်။
the melting pot 4 U
Source : AP
No comments:
Post a Comment