Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 7, 2014

မြေယာကိစ္စယင်းမာပင်မြို့ရဲနှင့်ဒေသခံများ ပဋိပက္ခ


မုံရွာပြည်သူ့ဆေးရုံကြီးတွင် မျက်စေ့ဒဏ်ရာကြောင့် တက်ရောက်ကုသမှု ခံယူနေရသည့် မုံရွာမြို့၊ဝေဠုဝန်ကျောင်းတိုက် မှ ဆရာတော် ဦးဇနက

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင် ခရိုင်၊ ယင်းမာ ပင်မြို့နယ်၊စု န်းချောင်းအုပ် စု၊အုံတုံပင် ကျေးရွာ မှာ ရဲတပ် ရင်း(၂၈)တ ည်ဆောက်ဘို့အ တွက် မြေယာရှင်းလင်း ရာမှာ ဒေသခံတောင် သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တို့ ပဋိပက္ခဖြစ်ပွားရာ တွင် တောင်သူများနှင့်အပြေ လည်ဆုံးညှိုနှိုင်းပြီးဆောင် ရွက်ကြပါလို့ မေတ္တာရပ်ခံ ခဲ့သည့်မုံရွာမြို့၊ဝေဠုဝန်ကျောင်း တိုက် မှ သက်တော်(၄၈)နှစ် နှင့် ၀ါတော် (၁၄)၀ါရှိ ဆရာတော် ဦးဇန က အား ရဲတပ်ရင်း မှ ရဲမေ တစ်ချို့ နှင့် ရဲတစ်ချို့ က ဒိုင်းဖြင့်ဆောင့်တွန်းပြီး ရဲမေများ က ကားပေါ် သို့ ဆောင့် ကန်ပြီး တင်ခဲ့ သည့် အတွက် ဆရာတော် ဦးဇနက မှာ ယခုအခါတွင် မုံရွာပြည်သူ့ဆေးရုံ ကြီးတွင် အတွင်းလူနာ အဖြစ် တက်ရောက်ကုသနေရကြောင်းသိရသည်။

ဒိုင်းဖြင့်ဆောင့်တွန်းခံရခြင်း၊ရဲမေများကားပေါ်သို့ ဆောင့်ကန်ပြီးတင်ခဲ့ခြင်းတို့ကြောင့် ဆရတော် ဦးဇနက ၏ ၀ဲဘက်မျက်လုံးမှာ ဖူးရောင်ကာ စိုးရိမ်ရ သည့် အနေအထားတွင်ရှိနေပြီး သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် ဘာ တစ်ခုမျှ လာရောက်ကူညီမေးမြန်းခြင်းမရှိကြောင်းလည်း မုံရွာပြည်သူဆေးရုံ ကြီး တာဝန် ကျဝန်ထမ်းတစ်ဦးထံမှသိရသည်။
အဆိုပါရဲတပ်ရင်း(၂၈)တည်ဆောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လက်ပန်းတောင်းတောင်ကြေးနီစီ မံကိန်း လုပ်ပိုင်ခွင့်ရ တရုတ်ဝမ်ပေါင် ကုမ္ပဏီ နှင့် မြန်မာစီပွားရေးဦးပိုင်လီမီတက်တို့အား ကာကွယ်ပေး ရန် နှင့် စံပယ်တောင်၊ကြေးစင်တောင်ကြေးနီထုပ်လုပ်ရေးစီမံကိန်းတို့အား ကာကွယ် ရန်အတွက် ဖြစ်ကြောင်း ရဲ တပ်ဖွဲ့ဝင်တစ်ဦးထံမှသိရသည်။

ThanLarWaddy Times

No comments:

Post a Comment