Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 1, 2014

ဂျူးမုန်းတီးဆန့် ကျင်ရေး လက်သင်္ကေတ ကို ပြသခဲ့သည့်အတွက် ၀က်စ်ဘရွန်းတိုက်စစ်မှူး နီကိုလပ်စ် အနယ်လ်ကာကို ပေါင် ရှစ်သောင်းနဲ့ ပွဲပယ်ပြစ်ဒဏ်ချမှတ်



Angel on 2014-03-01 09:30
ဝက်စ်ဘရွန်းနဲ့ ပြင်သစ်တိုက်စစ်မှူး အနယ်လ်ကာဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၀က်စ်ဟမ်းနဲ့ ၃-၃ ဂိုးသရေ ခဲ့တဲ့ ပွဲမှာ ဒီ “quenelle” လို့ ခေါ်တဲ့ လက်သင်္ကေတကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဂျူးမုန်းတီးဆန့် ကျင်ရေးသဘော ဖော်ဆောင်တဲ့ ဒီသင်္ကေတကို ပြင်သစ်နိုင်ငံရေးလှုပ်ရှားသူ M’bala M’bala က စတင်တီထွင်ခဲ့တာဖြစ်ပြီး နာဇီခေတ်ကို ပြန်လည်အောက်မေ့တဲ့သင်္ကေတအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။

အနယ်လ်ကာကတော့ သူဟာ ဒီသင်္ကေတကို လူမျိုးရေးခွဲခြားတဲ့ရည်ရွယ်ချက်အနေနဲ့ လုပ်ခဲ့တာမဟုတ်ဘဲ ဒီသင်္ကေတကို စတင်တီထွင်ခဲ့တဲ့ ပြင်သစ် ဟာသသရုပ်ဆောင်၊ နိုင်ငံရေးလှုပ်ရှားသူ သူငယ်ချင်းတစ်ဦး လည်း ဖြစ်တဲ့ M’Bala M’Bala ကို ဂုဏ်ပြုတာဖြစ်ပါတယ်လို့ ဆိုခဲ့ပါတယ်။
ဒါပေမယ့် ဘောလုံးအဖွဲ့ ချုပ်ကတော့ အနယ်လ်ကာကို  အက်ဖ်အေရဲ့ ဥပဒေပုဒ်မ E3 ကို ဖောက်ဖျက်တဲ့အတွက် ငါးပွဲပယ်ပြစ်ဒဏ် နဲ့ ဒဏ်ကြေးငွေ ပေါင် ရှစ်သောင်း ပေးဆောင်ဖို့ အမိန့်  ချမှတ်ခဲ့ပါတယ်။
ဒီ အပြစ်ဒဏ်ကို အနယ်လ်ကာ အယူခံဝင်တဲ့အချိန်ထိ ဆိုင်းငံ့ထားတယ်လို့ လည်း သိရှိရပါတယ်။
Ref: euronews.com
Trend Myanmar

Source

No comments:

Post a Comment