Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 2, 2014

ကားပြူတင်းပေါက်ကနေ ဆေးလိပ်ဖင်ဆီခံ ပစ်လို့ ဒဏ်ငွေ ပေါင် ၁၀၀၀ရိုက်

သီဟနိုင် on 2014-03-01 13:10
ဗြိတိန်နိုင်ငံ၊ ဘရစ္စတို မြို့ကို ဖြတ်မောင်းလာတဲ့ အသက်၂၀အရွယ်ရှိ Alexandra O’Shea ဆိုသူ အမျိုးသမီးဟာ ကားပြူတင်းပေါက်ကနေ ဆေးလိပ်ဖင်ဆီခံကို ပစ်မိတာပါ။ ဒါကို ရဲကတွေ့သွားပြီး ချက်ချင်းဒဏ်ငွေ ၇၅ပေါင် ဆောင်ခိုင်းပေမဲ့ O’Shea ကငြင်းပယ်ခဲ့ပါတယ်။ ဘဒ်မင်စတာခရိုင် ဘရစ္စတို မြို့တော်ကောင်စီက O’Shea ကို တရားရုံးတင်ပြီး တရားစွဲပါတော့တယ်။
တရားရုံးအမိန့်ချလိုက်တာကတော့ ပေါင် ၆၀၀ ပေးဆောင်ဖို့နဲ့ တရားရုံးစရိတ် ၄၂၁ဒဿမ၀၈ ပေါင် ပေးဆောင်ဖို့င် ပေးဆောင်ဖို့ပါပဲ။
“သူမရဲ့ အမူအကျင့်က အရမ်းဆိုးရွားလွန်းတယ်လို့ အောက်ရုံးတရားသူကြီးက သတ်မှတ်တယ်။” လို့ ဘရစ္စတို မြို့တော်ကောင်စီက ပြောပါတယ်။
Ref:dailymail.co.uk
Trend Myanmar

No comments:

Post a Comment