Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 13, 2014

ပြင်ဦးလွင် ရပ်ကွက်ကြီး(၉) ဖယ်ရှားမခံရရန် အသနားခံစာတင်


Written by  အောင်ကိုဦး

ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၉)ရှိ ကွင်းအမှတ်(၁၄/က) မြေများပေါ်တွင် ခြံခတ်နေထိုင်ကြသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက မတ် ၆ ရက်နောက်ဆုံးထား ဖယ်ရှားပေးရန် အကြောင်းကြားပြီး ကြော်ငြာဆိုင်းဘုတ်များ လာရောက်ထောင်ထားရာ မန္တလေးတိုင်းအစိုးရအဖွဲ့ထံ မတ်လ ၁၁ ရက်တွင် အသနားခံစာတင်လိုက်ပြီဖြစ်ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
အဆိုပါနေရာသို့ ၀င်ရောက်ခြံခတ်နေထိုင်သူများသည် ၇ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ၎င်းနေရာများကို ကိုယ် တိုင် ခုတ်ထွင်ရှင်းလင်း နေထိုင်ခဲ့ကြရကြောင်း ၀င်ရောက်နေထိုင်သူ ကိုသောင်းစိန်က မဇ္ဈိမကို ပြော သည်။ ဖယ်ပေးရမည့်နေရာသည် ပွေးတောင်နှင့် ဒိုးကွင်းကြားတွင်ရှိပြီး အကွက်ပေါင်း ၆၀ ခန့်ရှိသည်ဟု သိရသည်။
ထိုနေရာတွင်နေထိုင်ကြသူများသည် ဗြုန်းကျင်းများတွင် လုပ်ကိုင်နေကြပြီး လုပ်ကွက် ၃၀ ကျော်ရှိသည် ဟုဆိုသည်။ နေထိုင်ကြသူအများစုသည် လုပ်ကွက်များနှင့်နေအိမ်များ မဖယ်ရှားရစေရေးအတွက် တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ သုံးကြိမ်ခန့် စာတင်ထားသော်လည်း အကြောင်းတစ်စုံတစ်ရာ ပြန်ကြားခဲ့ခြင်း မရှိဟု ဆိုသည်။
“ကျွန်မတို့က ပိုင်တယ်လို့ မပြောပါဘူး။ လောလောဆယ် နေစရာ ရွှေ့စရာ မရှိသေးဘူး။ အရင်က ဒီနေ ရာက တောကြီးပါ။ နည်းနည်းချင်းရှင်းပြီး အခုလို နေထိုင်တာပါ။ လုပ်ကွက်တွေကလည်း ဒီဘက်မှာပဲ ရှိ တယ်။ အလုပ်ရှိရာ နေထိုင်ရတာပါ။ ဖယ်ပေးရမယ်ဆိုလည်း ကျောတစ်ခင်းစာတော့ ပြန်ပြီး စီစဉ်ပေးစေ ချင်တယ်။ ရှင်းပြီးနေတုန်းကလည်း အားလုံး သိကြပါတယ်။ ဘာမှ လာတားတာမရှိဘူး။ အခုလိုအကွက် တွေပေါ်လာမှ ပိုင်ရှင်တွေရှိတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”ဟု ဒေါ်နွယ်က ပြောသည်။
ဒေသခံများက နစ်နာကြေးနှင့် နေထိုင်ရန်မြေနေရာအစား ပြန်လည်ပေးမှသာ ဖယ်ရှားပေးမည်ဖြစ် ကြောင်း၊ နစ်နာကြေးမှာ ခုတ်ထွင်ရှင်းလင်း အကွက်ဖေါ်ထားမှုအတွက် တောင်းဆိုရခြင်းဖြစ်ကြောင်း နှင့် အဆိုပါနေရာတွင် မိသားစုဝင် ၆၀ ခန့် နေထိုင်နေကြောင်း သိရသည်။
အဆိုပါမြေနေရာသည် အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသော နေရာဖြစ်သောကြောင့် တရားမ၀င် ကျူးကျော်၍ ကျောက်တိုင်စိုက်ခြင်း၊ အုတ်တံတိုင်းခတ်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်နေထိုင်ခြင်းများနှင့် ပတ် သက်၍ ရပ်ကွက်ကြီး (၉)၊ အုပ်ချုပ်ရေးမှူးရုံးက ၎င်း(၁၄/က)ကွင်းအတွင်းရှိ ကျူးကျော်သူဦးတင်အေးပါ ၂၆ ဦးအား ဖယ်ရှားပေးရန် သတိပေးတားမြစ်ခဲ့ကြောင်း၊ ထို့အပြင် ဦးတင်အေးပါ၂၆ ဦးအားလည်း မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ယူ၍ ဖျက်သိမ်းဖယ်ရှားပေးရန် မေတ္တာရပ်ခံပြောကြားခဲ့ကြောင်း နှင့် ဖယ်ရှားမှုများ ပြုလုပ်မပေးပါက ဥပဒေအရ တရားစွဲဆိုသွားမည်ဟု ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး မျိုးလွင်ဦးက လက်မှတ်ရေးထိုး အကြောင်းကြားခဲ့သည်။
ထိုသို့ သတိပေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း လိုက်နာမှုမရှိသောကြောင့် နောက်ဆုံးသတိပေးမှုအဖြစ် မတ်လ ၆ ရက် နောက်ဆုံးထား ဖျက်သိမ်းဖယ်ရှားပေးရန် ဖေဖော်ဝါရီ ၂၇ ရက်က သတိပေး ဆိုင်းဘုတ်များ စိုက်ထူသတိပေးခဲ့သော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိ၍ အခွန်တော်အရာရှိ၏ လုပ် ပိုင်ခွင့်အရ တရားစွဲဆိုသွားမည်ဟု ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
ရပ်ကွက်ကြီး (၉)ရှိ မြေကွက်အချို့မှာ ၁၉၉၀ ပြည့်နှစ်က နိုင်ငံတော်က နိုင်ငံ့ဝန်ထမ်းများကို ချထားပေးမည့် မြေကွက်များဖြစ်သည်။ မြေကွက်ပိုင်ရှင်များတွင် အချို့မှာ မြေပေးမိန့်နှင့် ငွေသွင်းချလန်များ ကိုင် ဆောင်ထားပြီး အချို့မှာ ဂရန်လက်ဝယ်ရှိသူများဖြစ်သည်ဟု ဆိုသည်။ အချို့မှာ ရောင်းချထားသဖြင့် အမှန်တကယ်ပေါက်ဈေးဖြင့် ၀ယ်ထားသူများမှာ ပိုင်ဆိုင်မှုအထောက်အထားများ ကိုင်ဆောင်ထားကြ သည်။ သို့ရာတွင် ယခုအခါ အဆိုပါနေရာများ၏ ပိုင်ရှင်အစစ်အမှန်များမှာ ၎င်းတို့ပိုင်ဆိုင်သောနေရာကို ရယူရန် အဆင်မပြေဖြစ်လျက်ရှိသည်။
“နိုင်ငံ့ဝန်ထမ်းတွေ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ၆,၃၀၀ သွင်းပြီး နိုင်ငံတော်က ချထားပေးတဲ့ နေရာတွေပါ။ ပင်စင်ယူပြီးတဲ့အချိန်မှာ ကိုယ့်နေရာကိုယ်ပိုင်ဆိုင်ဖို့ကို အဆင်မပြေဖြစ်နေတာပါ။ တချို့ကလည်း ရောင်းချထားတော့ တန်ရာတန်ကြေးပေး ၀ယ်ယူထားတဲ့သူတွေမှာလည်း အဆင်မပြေဖြစ်ရပါတယ်။ နေစရာမရှိလို့ လာနေတယ်ဆိုပေမယ့် ပိုင်ရှင်ရှိတဲ့နေရာပါ။ ပိုဆိုးတာက အကွက်ဖော်ပြီးနေတဲ့သူတွေက နေ တစ်ဆင့်တစ်ဆင့် ပေါက်တဲ့ဈေးတွေနဲ့ လက်ဆင့်ကမ်းရောင်းကြတာပါ။ အမှန်တကယ် ပိုင်ဆိုင်တဲ့ သူတွေ နစ်နာတဲ့အတွက် တာဝန်ရှိသူတွေ ဖြေရှင်းပေးသင့်ပါတယ်”ဟု အမှန်တကယ် ပိုင်ဆိုင်သူတစ်ဦး က ပြောဆိုသည်။
Mizzima

No comments:

Post a Comment