Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 16, 2014

စီးပွားရေးလုပ်ငန်းကြီးများအတွက် အခွန်ရုံး သီးသန့်ဖွင့်မည်

Written by  သီဟကိုကို
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်ကာ အခွန်များစွာပေးဆောင်ရသည့် စီးပွားရေးလုပ်ငန်းကြီးများ အတွက် အခွန်ငွေများ သီးသန့်ပေးသွင်းနိုင်ရန် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို ဧပြီလ ၁ ရက် တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်ဟု အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ အကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။
အခွန်ထမ်းပြည်သူများအနေဖြင့် လက်ရှိအချိန်ထိ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးတို့တွင်သာ အခွန်ထမ်းဆောင်နေခြင်းဖြစ်ပြီး ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်ကာ အခွန် ထမ်းကြီးများပေးဆောင်ရမည့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို စတင် ဖွင့်လှစ်ခြင်းဖြစ်သည်။
အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ အကြီးတန်းအရာရှိတစ်ဦးက “အခွန်ထမ်းကြီးများဆိုင်ရာ လုပ်ငန်း အမျိုးအစားတွေကိုလည်း ဧပြီလမှာ တရားဝင် ထုတ်ပြန် ကြေညာပေးသွားမှာပါ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ယခုအချိန်အထိ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးတို့မှ အခွန်ထမ်းများအား အခွန်စည်းကြပ်ကောက်ခံလျက်ရှိသော အခွန်ပေးသွင်းစေသည့်စနစ်OAS (Offici-al Assessment System) ကို အသုံးပြုနေခြင်းဖြစ်သည်။ ယခုစတင်ဖွင့်လှစ်သွားမည့် အခွန်ထမ်းကြီး များဆိုင်ရာ အခွန်ရုံးတွင် အခွန်ထမ်းကိုယ်တိုင်မှ မိမိကျသင့်သည့်ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်တို့အား ကိုယ်တိုင်တွက်ချက်ပေးဆောင်သည့်စနစ် SAS (Self Assessment System)ဖြင့် အခွန်စတင် ပေးဆောင်ရမည်ဖြစ်သည်ဟု အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှတာဝန်ရှိသူက ပြောသည်။
ပြည်တွင်းအခွန်များဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက “ SAS စနစ်က နိုင်ငံတကာမှာ ကျင့်သုံးနေ တဲ့စနစ် ဖြစ်တယ်။ အခွန်ရည်မှန်းချက်က SAS စနစ်ကို သွားရမှာပဲဖြစ်တယ်”ဟု ပြောသည်။
အခွန်ထမ်းကြီးများဆိုင်ရာ လုပ်ငန်းအမျိုးအစားအဖြစ် သတ်မှတ်ခံရသည့် လုပ်ငန်းများလည်း ၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်ကာ မိမိတို့ပေးဆောင်ရမည့် ကျသင့်အခွန်ငွေကို မိမိတို့ကိုယ်တိုင် တွက် ချက်ပေးဆောင်ရမည် ဖြစ်သည်။
အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို အခွန်ရုံးများဖွင့်လှစ်ထားသည့် ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းတွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်ဟု အထက်ပါအရာရှိက ဆိုသည်။
Mizzima

No comments:

Post a Comment