Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 5, 2014

မန္တလေးရှိ လဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် အသုံးပြုသောဆီများကို ကြေငြာပေးရမည်



မန္တလေးရှိလဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် အသုံးပြုနေသော ဆီအမျိုးအစားများကို ကြေငြာပေးရမည်ဖြစ်ကြောင်း စီးပွားကူးသန်းရောင်း ၀ယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်းဒေသဦးစီးမှုး ဦးဆွေတင့်ကြူး က ပြောသည်။

ဦးဆွေတင့်ကြူးက လဘက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ သုံးစွဲမည့် ဆီကို ကြေငြာပေးရမည် ဆိုပါစို့  လုပ်ငန်းရှင်က သူတို့ဘက်က တောင်းဆို မယ် ကျနော်တို့က ဘယ်ဆီသုံးရမလည်း ဆိုတာကို ပြောမှာမဟုတ်ဘူး။ သူတို့အနေနဲ့ စိတ်ချရမည့် ဆီကိုသုံးစွဲရမည်။

အဲဒီဆီကို ကြေငြာပေးရမယ်။ ဥပမာ နိုင်ငံခြားက သွင်းတယ်ဆိုလည်း တရား ၀င် ခွင့်ပြုချက်နဲ့သွင်းတဲ့ ဆီဖြစ်ရမယ်။ ဘာအမျိုးအစား ဘယ်ဆီ ဘယ်နိုင်ငံ က သွင်းတာလည်းဆိုတာ၊ကြေငြာပေးရမယ် ပြည်တွင်းကထွက်တဲ့ ဆီဆိုလို့  ရှိရင် ဘယ်ဆီကို သုံးပါတယ်။

နောက်ဆုံးစားအုန်းဆီ ဆိုရင်လည်း ဖြန့်ဖြူးသူ distributer တွေရဲ့နာမည်ကို ကြေငြာဖို့ စည်းရုံးပါမယ်။ ဒါကို ကျနော် ဆီလုပ်ငန်းရှင်များအသင်းနဲ့ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်ဟု ပြောသည်။ထို့ ပြင် ဦးဆွေတင့်ကြူးက မကောင်း သော ဆီများတင်သွင်းလာခြင်း ရောနှောနေခြင်းများသိပါက တိတိကျကျ တိုင်ကြားနိုင်ပြီး အရေးယူမှုများ ချက်ချင်းပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောသည်။

ဆီတွေ မကောင်းတာတွေ သွင်းလာတယ် ရောနှောနေတယ် လုပ်နေတယ် သိရင် တိတိကျကျ ကျနော်တို့ကို တိုင်ကြားနိုင်ပါတယ်။ ကျနော်တို့ ထိထိ ရောက်ရောက် အရေးယူပါမယ်ဟု ဦးဆွေတင့်ကြူးက ပြောသည်။

Popular Myanmar News Journal

No comments:

Post a Comment