တရုတ်နိုင်ငံ ရှန်းရှီးပြည်နယ် ရှီအန်းမြို့မှ အသက် ၂၇ နှစ်အရွယ်ရှိ ယန်ရှောင်၏ နောက်ကျောနှင့် လည်ပင်းအနီးမှ အလေးချိန် ၁၃ ကီလိုဂရမ်ရှိ အကျိတ် တစ်ခုကို ဆရာဝန် များက အောင်မြင်စွာ ခွဲစိတ် ဖယ်ရှားပေးနိုင် ခဲ့သည်ဟု သိရသည်။
ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်ခဲ့သည့် အဆိုပါ ခွဲစိတ်မှုသည် ၉ နာရီ ကြာမြင့်ခဲ့ပြီး ခွဲစိတ်နေစဉ် အတွင်း ယန်သည် သွေးထွက် လွန်ခဲ့သဖြင့် သွေးလီတာ ၄ဝ ခန့် ပြန်လည်သွင်းပေး ခဲ့ရကြောင်းနှင့် ၎င်းအကျိတ်သည် ကျောရိုးကို ခိုင်မြဲစွာ ကုပ်တွယ် ခဲ့သောကြောင့် ခွဲစိတ်မှုသည် စိန်ခေါ်ပြိုင်ပွဲ တမျှ ခက်ခဲခဲ့ကြောင်း ခွဲစိတ် ဆရာဝန် တစ်ဦးဖြစ်သူ ယန်လီက ပြောကြားခဲ့သည်။
ယန်၏ အဆိုပါ အကျိတ်သည် ဆယ်ကျော်သက် အရွယ်တွင် စတင်ဖြစ်ပေါ် လာခြင်းဖြစ်ပြီး ဆရာဝန် များက အစောပိုင်းတွင် ခွဲစိတ်ကုသ၍ ဖယ်ရှားနေသည့် တိုင်အောင် တဖြည်းဖြည်း ကြီးထွား လာခဲ့သည်ဟု သိရသည်။
၎င်းအကျိတ်၏ အရွယ်အစားသည် အလျား ၄၅ စင်တီမီတာ၊ အနံ ၃ဝ စင်တီမီတာနှင့် အမြင့် ၁၇ စင်တီမီတာ အသီးသီး ရှိကြောင်း ဆရာဝန် များ၏ တိုင်းတာမှုများ အရ သိရသည်။ ယခုအခါ ယန်သည် မတ် ၁၂ ရက်တွင် ဆေးရုံမှ ဆင်းသွားပြီ ဖြစ်သည်။
Aye Chan Mon# Credit To : မြ၀တီ
No comments:
Post a Comment