CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, March 17, 2014
ပျောက်ဆုံးလေယာဉ်ပေါ်ပါ ခရီးသည်တွေဘေးကင်းဖို့ မျှော်လင့်
မလေးရှားမြို့တော် ကွာလာလမ်ပူ က လေကြောင်းခရီးစဉ်တွေကို စီးနင်းလိုက်ပါမယ့် ခရီးသည်တွေ က ပျောက်ဆုံးလေယာဉ် MH 370 ပေါ် ပါသွားတဲ့ခရီးသည်တွေနဲ့ လေယာဉ် အမှုထမ်းတွေ ဘေး ကင်း မယ်လို့မျှော်လင့်ကြောင်း ပြောပါတယ်။
လေယာဉ်ပျောက်ဆုံးခဲ့တာ ရက်သတ်တပတ် တပတ်ကျော်ခဲ့ပြီ ဖြစ်ပေမယ့် လေယာဉ်ပျောက်ရဲ့ ခြေရာ သဲလွန်စကို ခုထိ ရှာမတွေ့သေးပါဘူး။ လေယာဉ်နဲ့ စီးပွားရေးလုပ်ငန်းသုံး လေကြောင်းဆိုင်ရာ လမ်းကြောင်း ရှာမှုနဲ့ပတ်သက်လို့ နက်နက်နဲနဲ ဗဟုသုတ ရှိသူ တယောက်ယောက်က လေယာဉ်ကို တမင်သက်သက် လမ်းကြောင်းလွှဲခဲ့တာလို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည် ကြပါတယ်။ အစိုးရနဲ့ တခြားအခြေအနေတွေကြားမှာ ရှုပ်ထွေးမှုတွေ အများကြီး ရှိနေပေမယ့် လေယာဉ်ပေါ် ပါတဲ့ လူတွေ ဘေးကင်းပါစေ ဆုတောင်းပါတယ် မျှော်လင့် တာကတော့ ပြန်ပေးဆွဲပြီး လေယာဉ် က မြေပေါ် ဆင်းခဲ့ရင် လူတွေ အသက်ရှင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက် ပြည့်တာပေါ့လို့ ဂျပန်ကို သွားမယ့် ခရီး သည် ရှိနိချိ တကာယက ပြောပါတယ်။ ပျောက်ဆုံး လေယာဉ်ပေါ်မှာတော့ ဖရီးစကေး နိုင်ငံတကာ ကုမဏီရဲ့ မိုက်ခရိုချစ်ပ်စ် ပညာရှင် အယောက်၂၀၊ အိုင်ဘီအမ် ကွန်ပြူတာကုမဏီရဲ့ အရာရှိနဲ့ အမေရိ ကန် ပင်ဆယ်ဗေးနီးယား အခြေစိုက် စွမ်းအင်ကုမဏီရဲ့ ဒုဥကဌ၊ တရုတ်အနုပညာရှင် အဖွဲ့တဖွဲ့တို့ အပါ အ၀င် လူ ၂၃၉ ယောက် ပါရှိပါတယ်။ မလေးရှားအစိုးရကတော့ နိုင်ငံပေါင်း ၂ဒါဇင်နီးပါးက သံတမန်တွေ ကို ပျောက်ဆုံးလေယာဉ်ဆိုင်ရာ အချက်အလက် အသေးစိတ်တွေ တင်ပြရှင်းလင်းခဲ့ပါတယ်။
DVB TV - 17.03.2014
ပျောက်ဆုံးလေယာဉ်ပေါ်ပါ ခရီးသည်တွေဘေးကင်းဖို့ မျှော်လင့်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 17, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment