Friday, March 28, 2014
မန္တလေး၊ မတ် ၂၇
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား ဓမ္မရဟိဆောင် အရှေ့ဘက် ကျောက်တောင်ကုန်းတွင် မြေညှိခြင်း လုပ်ငန်းများ မတ်လ ၉ ရက်နေ့တွင် လုပ်ဆောင်ရာမှ နှစ် ၆၀ ခန့် သက်တမ်းရှိ ရွှေထည်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း အဆိုပါဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဌေးကိုက The Voice သို့ ပြောကြားသည်။
အဆိုပါဘုရား တန်ဆောင်တိုင် ပွဲတော်ကျင်းပချိန်တွင် ဆိုင်ကယ်၊ ကား ထားရှိရန်အတွက် ဓမ္မရဟိဆောင် အရှေ့ဘက် ကျောက်တောင်ကုန်းတွင် မြေတူး စက်ကြီးများဖြင့် မြေညှိနေစဉ် ရွှေထည် ပစ္စည်းမျိုးစုံ ၂၆ မျိုး၊ စုစုပေါင်း အလေးချိန် ၄၁ ကျပ် ၁၂ ပဲ ၅ ရွေးခန့်ကို တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ထပ်မံ ပြောကြားသည်။
ယင်းမြေတူးစက်နှင့် ပေ ၅၀ အကွာ မြေပြင်ပေါ်တွင် ဒန်ချိုင့်ဟောင်း တစ်လုံးဖြင့် ထည့်ထားသည့် ရွှေထည်ပစ္စည်း များကိုတွေ့ရပြီး ယင်းရွှေထည် ပစ္စည်းများကို ဂေါပကရုံးတွင် သိမ်းဆည်းထားရှိကာ ဗုဒ္ဓသန္တကပစ္စည်း အဖြစ် သတ်မှတ်၍ မဟာအံ့ထူးကံသာ ဘုရားကြီး ကိန်းဝပ်သီတင်းသုံးရာ ဂန္ဓကုဋီ တိုက်တော်အတွင်းရှိ ရတနာရွှေပန်းခိုင် အလူမီနီယံပုံးတွင် ထည့်သွင်းပြီး အများပြည်သူ ကုသိုလ်ယူ သဒ္ဓါပွားများနိုင်စေ ရန်ရည်ရွယ်၍ ခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်း အတွင်းရေးမှူးက ရှင်းပြ သည်။
“နှစ်သက်တမ်းက ၆၀ လောက်တော့ ကြာပြီ။ ဘုရားကြီးရဲ့တန်ခိုးတော်ရယ်၊
ရိုးသားတဲ့ ဝန်ထမ်းတွေကြောင့် ရလိုက်တာပါ။ အမ်ဳိးသမီး အက်ႌဝတ္က ၾကယ္သီး ၄၄
လုံးပါတယ်။ ရွှေဘီးလည်းပါတယ်။ တချို့ ရွှေဘယက်တွေ ဆိုရင် ကြေမွနေတာတွေ
ရှိတယ်” ဟု ၄င်းက ဆိုသည်။
အဆိုပါ ဓမ္မရဟိကုန်းတော်၏ အရှေ့ဘက် ကျောက်တောင်ကုန်းကို တန်ဆောင်တိုင်ပွဲတော် ကျင်းပရေး အတွက် အေးရှားဝေါလ် ကုမ္ပဏီနှင့် ဆက်သွယ်ညှိနှိုင်းပြီး သက်ဆိုင်ရာ အာဏာပိုင်များ၏ သဘောတူညီမှုဖြင့် ပွဲကွင်း မြေညှိတူးဖော်ခြင်း လုပ်ငန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် တန်ဆောင်တိုင်ပွဲတော် မုခ်ဦးအနီး အရှေ့ဘက် ကျောက်ကုန်းဧရိယာမှ စ၍ မြေတူးစက်ကြီးဖြင့် ဗြုန်းကျောက် တူးဖော်ခြင်းလုပ်ငန်း စတင်လုပ်ကိုင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။
The Voice Weekly
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား ဓမ္မရဟိဆောင် အရှေ့ဘက် ကျောက်တောင်ကုန်းတွင် မြေညှိခြင်း လုပ်ငန်းများ မတ်လ ၉ ရက်နေ့တွင် လုပ်ဆောင်ရာမှ နှစ် ၆၀ ခန့် သက်တမ်းရှိ ရွှေထည်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း အဆိုပါဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဌေးကိုက The Voice သို့ ပြောကြားသည်။
အဆိုပါဘုရား တန်ဆောင်တိုင် ပွဲတော်ကျင်းပချိန်တွင် ဆိုင်ကယ်၊ ကား ထားရှိရန်အတွက် ဓမ္မရဟိဆောင် အရှေ့ဘက် ကျောက်တောင်ကုန်းတွင် မြေတူး စက်ကြီးများဖြင့် မြေညှိနေစဉ် ရွှေထည် ပစ္စည်းမျိုးစုံ ၂၆ မျိုး၊ စုစုပေါင်း အလေးချိန် ၄၁ ကျပ် ၁၂ ပဲ ၅ ရွေးခန့်ကို တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ထပ်မံ ပြောကြားသည်။
ယင်းမြေတူးစက်နှင့် ပေ ၅၀ အကွာ မြေပြင်ပေါ်တွင် ဒန်ချိုင့်ဟောင်း တစ်လုံးဖြင့် ထည့်ထားသည့် ရွှေထည်ပစ္စည်း များကိုတွေ့ရပြီး ယင်းရွှေထည် ပစ္စည်းများကို ဂေါပကရုံးတွင် သိမ်းဆည်းထားရှိကာ ဗုဒ္ဓသန္တကပစ္စည်း အဖြစ် သတ်မှတ်၍ မဟာအံ့ထူးကံသာ ဘုရားကြီး ကိန်းဝပ်သီတင်းသုံးရာ ဂန္ဓကုဋီ တိုက်တော်အတွင်းရှိ ရတနာရွှေပန်းခိုင် အလူမီနီယံပုံးတွင် ထည့်သွင်းပြီး အများပြည်သူ ကုသိုလ်ယူ သဒ္ဓါပွားများနိုင်စေ ရန်ရည်ရွယ်၍ ခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်း အတွင်းရေးမှူးက ရှင်းပြ သည်။

အဆိုပါ ဓမ္မရဟိကုန်းတော်၏ အရှေ့ဘက် ကျောက်တောင်ကုန်းကို တန်ဆောင်တိုင်ပွဲတော် ကျင်းပရေး အတွက် အေးရှားဝေါလ် ကုမ္ပဏီနှင့် ဆက်သွယ်ညှိနှိုင်းပြီး သက်ဆိုင်ရာ အာဏာပိုင်များ၏ သဘောတူညီမှုဖြင့် ပွဲကွင်း မြေညှိတူးဖော်ခြင်း လုပ်ငန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် တန်ဆောင်တိုင်ပွဲတော် မုခ်ဦးအနီး အရှေ့ဘက် ကျောက်ကုန်းဧရိယာမှ စ၍ မြေတူးစက်ကြီးဖြင့် ဗြုန်းကျောက် တူးဖော်ခြင်းလုပ်ငန်း စတင်လုပ်ကိုင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment