Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 21, 2014

'''ဆိုင်ရှင်ဆီက အပ်နှံငွေပြန်မရလို့ စားပွဲထိုးက ဓာတ်ဆီလောင်းမီးရှို့''


RELATED NEWS

RELATED TOPICS

  စုဆောင်းအပ်နှံထားတဲ့ငွေတွေ ဆိုင်ရှင်ဆီ က ပြန်လည်ထုတ် ယူတာ မရလို့ စားပွဲထိုး တစ်ယောက်က သူ့ကိုယ်သူ ဓာတ်ဆီလောင်း မီးရှို့မှုတစ်ခု တောင်ငူမြို့မှာ မတ်လ၂၁ရက်နေ့ က ဖြစ်ပွားခဲ့ပါတယ်။

၂၁.၃.၂၀၁၄ ရက်ေ မနက် ၉ နာရီ ၁၀ မိနစ်အချိန်က တောင်ငူမြို့ ၁၈ ရပ်ကွက် ရန်ကုန် မန္တလေးကားလမ်းမ အနောက်ဘက်ခြမ်းရှိ ရွက်သစ်ဝေေ၀ စားသောက် ဆိုင်ရှေ့မှာ စားပွဲထိုးဖြစ်သူကိုမျိုး ခေါ် မျိုးမင်းလှိုင် (၂၁ နှစ်)ဟာ စုဆောင်း အပ်နှံထားတဲ့ငွေကို ဆိုင်ရှင်ထံက ပြန်လည် ထုတ်ယူရန် ပြောဆိုတဲ့ကိစ္စ အဆင်မပြေမှုနှင့် ပတ်သက်ကာ ဆိုင်ရှေ့ရှိမြေကွက်လပ်မှာ အိပ်ရာအခင်းကိုခင်းထိုင်ပြီး ဓာတ်ဆီ ၁ လီတာ သူ့ကိုယ်ပေါ်ကိုလောင်းချ မီးရှို့ခဲ့လို့ အနီးပတ်ဝန်းကျင်ရှိ လူတွေက ၀ိုင်းဝန်းငြိမ်း သတ်ပေးခဲ့ရပါတယ်။

မီးလောင်မှုကြောင့် ကိုမျိုးမှာ တကိုယ်လုံး အရေပြားမီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ၉ နာရီခွဲအချိန် မှာ တောင်ငူဆေးရုံကို တင်ပို့ကုသထားပါတယ်။ အခုဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင်ငူမြို့မရဲစခန်းက (ပ)၈၅/၂၀၁၄ ပုဒ်မ ၃၀၉ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

DVB (မြန်မာပိုင်း)

No comments:

Post a Comment