University of Leeds မှကင်ဆာသုတေသန ပညာရှင် အဖွဲ့က လေ့လာခဲ့ခြင်းဖြစ်ပြီး အဝလွန်သူ များ၏ ဒီအင်အေတွင် intron8 ဟုခေါ်သော မျိုးဗီဇပါဝင်နေပါက အရေပြား ကင်ဆာများ အနက် အသေအပျောက် အများဆုံး melanoma ကိုဖြစ်စေ နိုင်ကြောင်း၊ အဆိုပါ မျိုးဗီဇသည် BMI မြင့်နေသူများတွင် အများဆုံး ပါဝင်နေကြောင်း၊ အဝလွန်ခြင်းနှင့် intron8 ၏ဆက်စပ်နေမှုကို တွေ့ရှိသည်မှာ ယခုပထမဆုံး ဖြစ်ကြောင်း ပြောကြားခဲ့သည်။
intron8၏ ရောဂါများစွာနှင့် ဆက်စပ်နေမှုကို ယခင်က ဖော်ထုတ် နိုင်ခဲ့ပြီး ယခု အရေပြား ကင်ဆာနှင့် ဆက်စပ်မှုကို ဖော်ထုတ် နိုင်ခဲ့ကြောင်း၊ အဝလွန်သူများနှင့် အစားအစာကို လွန်ကဲစွာ စားသုံးသူများတွင် intron8 ပါဝင်သော ရာခိုင်နှုန်း မြင့်တက်နေကြောင်း ဖော်ပြထားသည်။
ယခုသုတေသနကို Journal of Nature Genetics တွင် ဖော်ပြထားခြင်း ဖြစ်သည်။
သက်နှင်း
ref: PTI
Health Updates Journal
No comments:
Post a Comment