Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 3, 2014

သူရဦးရွှေမန်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံ

Monday, March 03, 2014

နေပြည်တော်ကိုရောက်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်တို့ ဒီကနေ့ နေ့ခင်းပိုင်းက တွေ့ဆုံခဲ့ပါတယ်။

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (ယူဒလျူအက်စ်အေ) က ဦးကျောက်ကျုံးတန်း၊ အက်စ်အက်စ်ပီပီ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက စ၀်ခွန်ဆိုင် နဲ့ မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီမဟာ မိတ်တပ်ပေါင်းစုက ဦးဆန်လူတို့ ဦးဆောင်ပြီး တဖွဲ့ကို ၃ ဦးစီ သွားရောက်တွေ့ဆုံခဲ့တာပါ။

အဲဒီတွေ့ဆုံမှုမှာ သူရ ဦးရွှေမန်းက လွှတ်တော် ပေါ်ပေါက်လာပုံ၊ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့အကြောင်း ပြောကြားပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ နောက်နောင်ကိုလည်း လွှတ်တော်ထဲ လာရောက်လေ့လာဖို့ ဖိတ်ခေါ်ခဲ့ကြောင်း တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက ဒီဗွီဘီကို ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေဘက်ကလည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားဖို့ ဆန္ဒရှိကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်သွားဖို့လည်း မျှော်လင့်ကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ဆက်ပြောပါတယ်။

ဒီမတိုင်ခင် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့ အားလုံး ၁၀၀ နီးပါးလောက်ဟာ လွှတ်တော်ထဲမှာ မေးဖြေဆွေးနွေးနေတာကို ပထမဆုံးအကြိမ် သွားရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်းကောက်ယူရေး ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ နေပြည်တော် ရောက်နေတာပါ။


DVB Burmese



ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထူးဒေသ ၂ က ဒုတိယစစ်ဦးစီးချုပ် ဦးကျောက်ကျုံးတန် ဦးဆောင်တဲ့ အဖွဲ့ဝင် ၃ ဦး၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က အထွေထွေအတွင်းရေးမှူး ဦးစပ်ခွန်ဆိုင် ဦးဆောင်တဲ့ အဖွဲ့ဝင်၃ဦး နဲ့ မိုင်းလားအထူးဒေသ ၄ က ဒုတိယဥက္ကဌ ဦးဆမ်တူဦးဆောင်တဲ့ အဖွဲ့ဝင် ၃ဦး တို့ဟာ ဒီကနေ့ ပြည်ထောင်စုလွှတ်တော် ခေတ္တရပ်နားစဉ် လွှတ်တော်ဧည့်ခန်းမဆောင်မှာ တွေ့ဆုံစဉ်

photo: RFA/ Win Naung Toe, Myo Thant Khaing

No comments:

Post a Comment