RELATED VIDEO
ဒါရိုက်တာအဏ်ထော်ဏီ(မော်လမြိုင
ယင်းရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် အဆိုပါသရုပ်ဆောင်သည် ယခုအခါတွင် မြန်မာနိုင်ငံ၌ရောက် နေခြင်းဖြစ်ပြီး ၎င်းသည် ပြင်သစ်နိုင်ငံသို့ သွားရောက်ပြီး မြန်မာနိုင်ငံကို မတ်လ ၂၁ရက်တွင် ပြန်လည် ရောက်ရှိလာမည်ဖြစ်ကာ မတ်လ၂၅ ရက်တွင် ယင်းနိုင်ငံခြားသား အမှန်တကယ် ပါဝင်သရုပ်ဆောင်ခြင်း ဖြစ် သည်ကို မြန် မာနိုင်ငံက စာနယ်ဇင်းများနှင့် တရားဝင်ပြောကြားမည် ဖြစ်သည်။ ၎င်းသည် ပြည်ပနိုင်ငံ များနှင့် မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများ တွင် လေယာဉ်မောင်းနေသူ တစ်ဦး ဖြစ်သည်။
ယင်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည့် သရုပ်ဆောင်အသစ်များကို ဒါရိုက်တာအဏ်ထော်ဏီ ကိုယ် တိုင် လေ့ကျင့်သင်ကြားပေးခဲ့သော်လည်း ၎င်းသရုပ်ဆောင်များထဲမှ တချို့သည် တခြား ရုပ်သံလိုင်းများ၏ ကမ်းလှမ်းမှုဖြင့် ပါဝင်သရုပ်ဆောင်နေခြင်းကြောင့် ရိုက်ကူးသည့်ရက်သည် ညှိနှိုင်း၍မရပေ။
ယင်းအတွက်ကြောင့် ယခု ရိုက်ကူးမည့် ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် မည့် သရုပ်ဆောင်သစ်နေရာ တွင် မိုးမြင့်သဇင်နှင့် စိုင်းလျှံတို့ကို ထည့်သွင်း ရိုက်ကူးသွားမည် ဖြစ်သည်။
အဆိုပါရိုက်ကူးမှုကို မတ်လ ၃၀ ရက်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဟောင်သရော အထူးဒေသ၏ ကျိုက်ဒုံမြို့တွင် စတင်ရိုက်ကူး မည် ဖြစ်သည်။ ယင်းရုပ်ရှင် ဇာတ်ကားရိုက်ကူးမှုသည် ဧပြီ လကုန်တွင် ရိုက်ကူးပြီးစီးမည် ဖြစ်သည်။
အဆိုပါဇာတ်ကားသည် ဦးလှသောင်း၏၀တ္ထုကို လေယာဉ်ပြန်ပေး ဆွဲသည့် ထဲတွင် ပါဝင်သည့် ဦးစော ကျော်အေးနှင့် အငြိမ်းစား ပါမောက္ခကြီး ဦးသန်းဆွေ တို့ ပြောပြသည့် အကြောင်းအရာများကို ထပ်မံဖြည့် စွက်ကာ ရိုက်ကူးတင်ဆက်မည်ဖြစ်ပြီး ယင်း ဇာတ်ကားကို အကယ်ဒမီစိုးကျော်ဆန်းက ဇာတ်ညွှန်းရေး ဖွဲ့ပေးထားခြင်း ဖြစ်သည်။ ယင်းဇာတ်ကားတွင်ပါဝင်မည့် ဆက်တင်ပိုင်းဆိုင်ရာများသည် အဆင်သင့် ဖြစ်နေပြီး ဇာတ်ကားအတွင်း၌ အသုံးပြုမည့်လက်နက်များသည် အစစ်များကိုသာ ထည့်သွင်းရိုက်ကူးသွား မည် ဖြစ်သည်။
ကမ္ဘာတွင် ပထမဆုံး လေယာဉ် ပြန်ပေးဆွဲမှုဖြစ်ခဲ့သည့် ၎င်းဇာတ်ကား ကို နိုင်ငံတကာ ရုပ်ရှင်ဈေးကွက် တွင် ပြသသွားရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဇာတ်ကားရိုက်ကူးမှုအတွက် ဇာတ်ဝင်ခန်းများတွင် အသုံးပြုသွား မည့် စက် ပစ္စည်းများကို ထိုင်းနိုင်ငံရှိ Gear head ကုမ္ပဏီက ကူညီပေးသွားမည် ဖြစ်သည်။
Mizzima
No comments:
Post a Comment