Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 2, 2014

ရေဦးနှင့် ခင်ဦးတွင် လူသတ်မှု နှစ်မှုဖြစ်


Written by  ကိုတိုးကြီး
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ရွာငယ်ကျေးရွာတွင် သားအမိနှစ်ယောက် သတ်ဖြတ်ခံရသည့် အတွက် ရေဦးမြို့မရဲစခန်းမှ ဖေဖော်ဝါရီ ၂၆ ရက်က အမှုဖွင့်အရေးယူခဲ့ရကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၂၅ ရက်က တောင်သူကြီး ဦးမင်းအောင်နှင့်၎င်းင်း၏ဇနီးဖြစ်သူ ဒေါ်ဝင်းမာတို့သည် သမီး ဖြစ်သူ အသက် (၁၆)နှစ်အရွယ် မတင်တင်ဖွေး၊ အသက်(၄)နှစ်အရွယ် မခင်မို့မို့ထွေးနှင့် အသက်(၁၀)နှစ် အရွယ် မောင်ကျန်တို့ သုံးယောက်အား တဲစောင့်အဖြစ်ထားခဲ့ပြီး ၎င်းတို့က ရမန်းတောသို့ ဂျမ်းတုံးခုတ်ရန် သွားရောက်ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် မွန်းလွဲ ၁ နာရီအချိန်တွင် တဲသို့ ပြန်ရောက်လာသည့်အခါ သမီးကြီးဖြစ်သူကို မတွေ့ရဘဲ ရေခပ်သွားသည်ဟု သားဖြစ်သူ မောင်ကျန်က ပြောပြခဲ့သဖြင့် မိခင်ဖြစ်သူ ဒေါ်ဝင်းမာက ၎င်းတို့နေထိုင် ရာ တဲ၏ အရှေ့မြောက်ဘက်ရှိ ချောင်းသို့ လိုက်သွားခဲ့သည်။
ထို့နောက် ဇနီးဖြစ်သူ ချောင်းမှပြန် မလာသည့်အတွက် ဦးမင်းအောင်က ချောင်းသို့ ထပ်မံလိုက်ပါသွားခဲ့ရာ လက်ယက်ရေတွင်းအနီးတွင် သမီးဖြစ်သူ မတင်တင်ဖွေးမှာ လည်ပင်းထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေခဲ့ ပြီး၊ ဇနီးဖြစ်သူကိုလည်း သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
ထို့ကြောင့် သားအမိနှစ်ယောက်အား သတ်ဖြတ်ခဲ့သူကို ရေဦးမြို့မရဲစခန်းက ပြစ်မှုကြီးဖြစ်စဉ် အမှတ် ၁/ ၂၀၁၄ (ပ) ၂၇/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၃၀၂ အရ အမှုဖွင့်၍ သတ်ဖြတ်သူအား ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဖော် ထုတ်လျက်ရှိသည်။
ထို့အတူ ခင်ဦးမြို့နယ်၊ ကြာအင်းကျေးရွာ၌လည်း လူသတ်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သေးသည်ဟု ရွှေဘို ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ အဆိုပါ ကျေးရွာနေ မမာလွင်ဆိုသူ၏ နေအိမ်ရှေ့လမ်းပေါ်တွင် ရန်ဖြစ်သံကြားရ၍ အိမ်ရှင်ဖြစ် သူ မမာလွင်က လမ်းသို့ထွက်ကြည့်ရာ သူမ၏ ခင်ပွန်းဖြစ်သူ ကိုဆန်းဝင်းမှာ ဦးခေါင်းနောက်စေ့ တစ် လက်မခန့် ပေါက်ပြဲဒဏ်ရာနှစ်ချက်၊ မေးရိုးဝဲဘက် သုံးလက်မခန့် ပေါက်ပြဲဒဏ်ရာ တစ်ချက်ဖြင့် သေဆုံး နေသည်ကို တွေ့ရှိရသဖြင့် ခင်ဦးမြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ လူသတ်မှုကို ခင်းဦးမြို့မရဲစခန်းက ပြစ်မှုကြီးဖြစ်စဉ် အမှတ်(၁/၂၀၁၄) ရဲစခန်းက (ပ) ၄၉/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၃၀၂ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိသည်။
Mizzima

No comments:

Post a Comment