Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 20, 2014

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်အား တွေ့ခဲ့ကြောင်း သတင်းဖော်ပြမှုကို မော်ဒိုက်ရဲတပ်ဖွဲ့ စစ်ဆေး

ဖေဖော်ဝါရီလတုန်းကပိုလန်လေပိုင်နက်ထဲမှာတွေ့ လိုက်ရတဲ့ ပျောက်ဆုံးမလေးလေယာဉ် (Picture: Reuters / File)
Thursday, March 20, 2014

RELATED TOPICS

ခရီးသွားများ နှစ်သက်သော ကျွန်းစုနိုင်ငံ မော်ဒိုက်တွင် ဒေသခံများ က ပျောက် ဆုံး မလေးရှားလေယာဉ် ကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်း ထွက် ခဲ့မှုအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း မတ် ၁၈ ရက်နှောင်းပိုင်း တွင် ထုတ်ပြန်ခဲ့သည်။ မတ် ၈ ရက်တွင် မော်ဒိုက်တောင်ပိုင်းရှိ ကူဒါဟူဗာဒို ကျွန်းပေါ် လေယာဉ်ကြီးတစ်စင်း အနိမ့်ပျံသန်းသွားသည်ကို ဒေသခံများ က တွေ့ရှိခဲ့ကြောင်း Haveeru သတင်း ၀က်ဘ်ဆိုက်က ဖော်ပြမှုကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အနီစင်းကျားများနှင့် လေယာဉ်ဖြူတစ်စင်းသည် မော်ဒိုက်တောင်ဘက်စွန်းသို့ ဦးတည်ပျံသန်းသွားသည်ကို တွေ့ရှိခဲ့ကြောင်း ကူဒါဟူဗာဒိုဒေသခံများ ၏ ပြောကြားချက်ကို Haveeru က ဖော်ပြခဲ့သည်။ ကုန်းရေ နှစ်သွယ်သွား လေယာဉ်များကို မြင်ဖူးသော်လည်း ဂျက်လေယာဉ် တစ်စင်းက ယခုကဲ့သို့ အနိမ့်ပျံသွားမှုကို မတွေ့ဖူးကြောင်း မျက်မြင်တစ်ဦး ၏ ပြောကြားမှုအား ယင်းဝက်ဘ်ဆိုက်က ကိုးကားခဲ့သည်။Haveeru ဂျာနယ်လစ် ဖာရာအာမက်က မျက်မြင်အမြောက်အမြားသည် ယင်းအတိုင်းပြောကြားခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် အဆိုပါသတင်း သည် မှန်ကန်မှုမရှိကြောင်း မော်ဒိုက်စစ်တပ်က မတ် ၁၉ ရက်တွင် ထုတ်ပြန် ထားသည်။

မော်ဒိုက်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ရေဒါများနှင့် လေဆိပ်များရှိ အရပ်ဘက်ဆိုင် ရာ ရေဒါများအား ပြန်လည်စစ်ဆေးခဲ့သော်လည်း အဆိုပါလေယာဉ် သည် နိုင်ငံ ပိုင်နက်အတွင်းသို့ ၀င်ရောက်ခဲ့သည့် အထောက်အထား မတွေ့ခဲ့ ရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ MH370 ခရီးစဉ်လေယာဉ် ဟာ မော်ဒိုက်နိုင်ငံထဲကို ၀င်ခဲ့တဲ့ အထောက်အထား မတွေ့ရပါဘူး”ဟု စစ်တပ်၏ ကြေညာချက်တွင် ပါရှိသည်။

မော်ဒိုက်ရဲတပ်ဖွဲ့နှင့် အရပ်ဘက် လေကြောင်းအာဏာပိုင်များက အသေးစိတ် စုံစမ်းမှုများကို ဆက်လုပ်နေပြီး အစီရင်ခံစာတစ်စောင်ကို ထပ်မံ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း အတည်ပြုထားသည်။

“ရေဒါအချက်အလက်တွေနဲ့ လေကြောင်းထိန်းသိမ်းရေးဌာနက မှတ်တမ်းတွေ အားလုံးကို ပြန်ပြီး စစ်ဆေးနေပါတယ်” ဟု အရပ်ဘက် လေကြောင်းအာဏာပိုင်အမှုဆောင်ချုပ် ဟူစိန်ဂျာလေး က ပြောကြားသည်။

ယခုအခါ မလေးရှားလေယာဉ်ကို နိုင်ငံ ၂၆ နိုင်ငံက ပူးတွဲရှာဖွေလျက်ရှိကြောင်း သိရသည်။

Ref:AFP
Eleven Media Group


မော်လဒိုက်နိုင်ငံကအိန္ဒိယသမုဒ္ဒရာ၊အာရေဗီယံပင်လယ်ထဲက ကျွန်းစုနိုင်ငံဖြစ်ပါတယ်။
 မော်လ်ဒိုက်ဆို သင်္ကရိုက်ဘာသာနဲ့ ဆိုရင် လည်ဆွဲကျွန်းများමාල දිවයින Maala Divaina ("Necklace Islands")လို့ အဓိပ္ပါယ်ရပါတယ်။ သမ္မတစနစ်နဲ့  အုပ်ချုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ကိုးကွယ်ကြတဲ့ဘာသာ
က အစ္စလာမ်ဖြစ်တယ်။လက်ရှိသမ္မတက Abdulla Yameen ဖြစ်ပါတယ်။
mp4U

No comments:

Post a Comment