Published on: March 10, 2014
Written by:
မင်းသီဟဇော်
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် အခွန်စည်းကြပ်မှု မပြုရသေးသော ကုမ္ပဏီ ၁၀၀၀၀
ကျော်ရှိနေပြီး AGD ဘဏ်၊ Yoma ဘဏ်အပါအ ၀င် နိုင်ငံခြား ဘဏ်
ကိုယ်စားလှယ်ရုံးအချို့ ပါဝင်ကြောင်း ပြည် တွင်းအခွန်များ ဦးစီးဌာန၏
ထုတ်ပြန်ထားမှုအရ သိရသည်။
အခွန်စည်းကြပ်မှု မပြုရသေးသော၊ အခွန်ရုံးသို့ ဆက်သွယ်ရန်နှင့် အခွန်ပေးဆောင်ရန် ပျက်ကွက်နေသော ကုမ္ပဏီများစာရင်းကို ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် အခွန်စည်းကြပ်မှု မပြုရသေးသော ကုမ္ပဏီပေါင်း ၁၀၀၀၀ ကျော်ရှိပြီး အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)၊ Yoma ဘဏ်၊ Small & Medium Industrial Development Bank အပါအ၀င် နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးများဖြစ်သည့် Hana Bank (Yangon, Kookmin Bank, The Korea Development) တို့ ပါဝင်ခဲ့ကြောင်း သိရသည်။
ကုမ္ပဏီများအဖြစ် မှတ်ပုံတင်ထားသော်လည်း ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် အခွန်ပေးဆောင်ခြင်း မရှိသေးသည့် ကုမ္ပဏီများကို ဖော်ထုတ်အရေးယူရန်ရှိကြောင်း၊ သို့ဖြစ်၍ အဆိုပါ အခွန်ကိုပေးဆောင်ရန် ပျက်ကွက်နေသည့် ကုမ္ပဏီအသီးသီးသည် ၂၀၁၄ ခုနှစ် မတ် ၂၀ ရက် နောက်ဆုံးထားကာ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးသို့ လာရောက်ပြီး အခွန်ပေးဆောင်ခြင်း မပြုနိုင်သေးသည့် အကြောင်းအရာနှင့် အကြောင်းအရင်းများကို သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းပေးအပ်ကြရန် အသိပေးထားကြောင်း သိရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ၀င်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်များမှာ Kanbawza Bank Ltd.၊ Myanmar Brewery Ltd.၊ International Beverages Trading Co.,Ltd၊ Myanmar CP Livestock Co.,Ltd၊ Shwe Taung Development Co., Ltd တို့ဖြစ်ကြောင်း သိရသည်။
အခွန်ရှောင်လွှဲသည့် ကိစ္စရပ်များကို ၀င်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေများအရ အရေးယူနိုင်ကြောင်းနှင့် အခွန်နှင့် ပတ်သက်သော အဂတိလိုက်စားမှုများကို ကာကွယ်နိုင်ရန် ၀င်ငွေခွန်ဥပဒေပုဒ်မ ၄၈ နှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၃ တို့တွင် ပြဋ္ဌာန်းထားသည်။
အခွန်စည်းကြပ် ကောက်ခံရာတွင် ရသင့်ရထိုက်သော အခွန်ရရှိခြင်း ရှိ မရှိ စိစစ်ရန်၊ နိုင်ငံတော်အတွင်း ဆောင်ရွက်နေသည့် ၀န်ဆောင်မှု၊ ကုန်သွယ်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်းများမှ အခွန်ကောက်ခံရရှိမှုကို စိစစ်ရန်၊ ရသင့်ရထိုက်သော အခွန်ရရှိရေး၊ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် လက်ရှိအခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး လေ့လာသုံးသပ်မှုများကို ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ၂၀၁၃ ခုနှစ် မေလအတွင်းက ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အခွန်စည်းကြပ်မှု မပြုရသေးသော ကုမ္ပဏီပေါင်း ၁၀၀၀၀ ကျော်ရှိပြီး အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)၊ Yoma ဘဏ်၊ Small & Medium Industrial Development Bank အပါအ၀င် နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးများဖြစ်သည့် Hana Bank (Yangon, Kookmin Bank, The Korea Development) တို့ ပါဝင်…၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်များမှာ Myanmar Brewery Ltd.၊ Rothmans of Pall Mall Myanmar Pte.Ltd၊ Dagon Beverages Co.,Ltd၊ International Beverages Trading Co.,Ltd၊ Myanmar CP Livestock Co.,Ltd၊ City Mart Holding Co.,Ltd၊ Premier Coffee Co.,Ltd၊ Yathar Cho Industry Ltd၊ Max(Myanmar) Manufacturing Co.,Ltd၊ Straits Green Field Ltd.(Sedona Hotel-YGN) တို့ဖြစ်ကြောင်း သိရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ၀င်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်များမှာ Kanbawza Bank Ltd.၊ Myanmar Brewery Ltd.၊ International Beverages Trading Co.,Ltd၊ Myanmar CP Livestock Co.,Ltd၊ Shwe Taung Development Co., Ltd တို့ဖြစ်ကြောင်း သိရသည်။
အခွန်ရှောင်လွှဲသည့် ကိစ္စရပ်များကို ၀င်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေများအရ အရေးယူနိုင်ကြောင်းနှင့် အခွန်နှင့် ပတ်သက်သော အဂတိလိုက်စားမှုများကို ကာကွယ်နိုင်ရန် ၀င်ငွေခွန်ဥပဒေပုဒ်မ ၄၈ နှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၃ တို့တွင် ပြဋ္ဌာန်းထားသည်။
အခွန်စည်းကြပ် ကောက်ခံရာတွင် ရသင့်ရထိုက်သော အခွန်ရရှိခြင်း ရှိ မရှိ စိစစ်ရန်၊ နိုင်ငံတော်အတွင်း ဆောင်ရွက်နေသည့် ၀န်ဆောင်မှု၊ ကုန်သွယ်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်းများမှ အခွန်ကောက်ခံရရှိမှုကို စိစစ်ရန်၊ ရသင့်ရထိုက်သော အခွန်ရရှိရေး၊ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် လက်ရှိအခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး လေ့လာသုံးသပ်မှုများကို ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ၂၀၁၃ ခုနှစ် မေလအတွင်းက ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
No comments:
Post a Comment