Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 3, 2014

ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ် မဲပုံးမှားပြီး မဲထည့်ခဲ့ (video) ดูชัดๆ ยิ่งลักษณ์หย่อนบัตรผิดกล่อง


ထိုင်းရွေးကောက်ပွဲ သတင်းတွေ ထိုင်းတီဗီချယ်နယ်တွေက အဆက် မပြတ်ထုတ်လွှင့်တဲ့ အထဲမှာ အဓိက သတင်းကြီးတခုကတော့ လက်ရှိ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ်ဖြစ်တဲ့ မစ္စယင်းလတ်ရဲ့ မဲပုံးမှားပြီး မဲထည့် ခဲ့တဲ့ အဖြစ်ပါဘဲ။

မဲပြားနဲ့ မဲပုံး လွဲထည့်နေစဉ်၊  ဓာတ်ပုံ၊ ဘန်ကောက်ပို့စ်


အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် မစ္စယင်လတ်က နိုင်ငံရေးပါတီအတွက် ပေးရမယ့် မဲပြားကို မဲဆန္ဒနယ်မြေ ဆိုင်ရာ ရွေးကောက်ပွဲ အမတ် အ တွက် ပေးတဲ့ မဲပုံးမှာ မဲထည့်လိုက်ပြီး မဲဆန္ဒနယ်မြေဆိုင်ရာအမတ် အတွက် မဲပြားကို နိုင်ငံရေးပါတီအတွက် ထည့်ရတဲ့ မဲပုံးမှာ ထည့်လိုက်ပါတယ်။


 မဲပြားနဲ့ မဲပုံး လွဲထည့်နေစဉ်

ဒီမိုကရက်တွေအပြောအရ  နိုင်ငံရေး လောကထဲ ရောက်လာပြီး ၄၉ ရက်အကြာမှာ ဝန်ကြီးချုပ် ဖြစ်လာ တယ်ဆိုတဲ့ မစ္စယင်လတ်ဟာ မနေ့က မနက် ၈ နာရီလောက်က သူနေထိုင်ရာ ဘန်ကောက်မြို့နယ် Bung Kum ခရိုင် အ တွင်း Khlong Lamchiak ဆိုတဲ့ ကျောင်းမှာ လုပ်ထားတဲ့ အမှတ် ၃၂ မဲရုံကို လာပြီး မဲထည့် စဉ်က အခုလို မဲပုံး မှားပြီး မဲထည့်ခဲ့တာပါ။

ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေကတော့ မစ္စယင်လတ်ရဲ့ မဲဟာ မဲပုံးမှားထည့်ခဲ့ပေမယ့် ပယ်မဲ မဖြစ်ဘူးလို့ ပြောတာကို ဘန်ကောက်ပို့စ် သတင်းတခုမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ မနေ့က နိုင်ငံအဝန်း ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပါတယ်။ မဲရုံ စုစုပေါင်းရဲ့ ရာခိုင်နှုန်း ၉ဝ လောက် က အောင်မြင်စွာနဲ့ မဲပေးနိုင်ခဲ့ကြပါတယ်။ ဘန်ကောက်နဲ့ ထိုင်းတောင်ပိုင်း ၉ ခရိုင်လောက် မှာတော့ မဲပေးမှုကို ကန့်ကွက်မှုတွေကြောင့် မဲပေးမှု အစီအစဉ်မအောင်မြင်ခဲ့ပါဘူး။

မဲပေးပွဲ မတိုင်ခင် ရက်တွေနဲ့ မဲပေးတဲ့ မနေ့ကတော့ သေနတ်ပစ်ခတ်မှုတွေ၊ ပေါက်ကွဲမှုတွေနဲ့ အကြမ်းဖက် မှုတွေဖြစ်ခဲ့ပါတယ်။  ဒီအကြောင်း ဧရာဝတီ ဘလော့မှာ သေနတ်သံတွေနဲ့ ထိုင်းရွေးကောက်ပွဲ ဆိုပြီး ဓာတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့ပါတယ်။
Irrawaddy ဧရာဝတီ သတင်း 

No comments:

Post a Comment