Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 14, 2014

Viber ကို ဂျပန်နာမည်ကြီး Global Market Website ကုမ္ပဏီ Rakuten က၀ယ်ယူခဲ့

1620494_580425448715754_1700302269_n1013498_580425095382456_509548690_n 1901246_580425422049090_1804757654_n
ကမ္ဘာတစ်လွှားလူကြိုက်များနေတဲ့ Viber Media ကုမ္ပဏီကို ဂျပန်နိုင်ငံရဲ့ဈေးကွက်မှာထိပ်တန်းနေရာကိုရယူထားတဲ့ Rakuten ကုမ္ပဏီက၀ယ်ယူလိုက်ကြောင်းသိရှိရသည်။
အဆိုပါ Viber Media ကိုဝယ်ယူဖို့အတွက်အမေရိကန်ဒေါ်လာ ၉၀၀ မီလီယံကို Rakuten သူဌေး Hiroshi Mikitani ကအကုန်အကျခံခဲ့ပါသည်။ Rakuten ဟာနာမည်ကြီး Online Shopping Website တစ်ခုဖြစ်ပြီးလက်ရှိမှာဂျပန်နိုင်ငံရဲ့ဈေးကွက်ကိုစိုးမိုးထားပါသည်။
Viber ကိုအသုံးပြုသူ ၃၀၀မီလီယံရှိကာ Rakuten ကိုအသုံး ပြုသူက ၂၀၀ မီလီယံရှိပြီး သူဌေးဖြစ်တဲ့ Mikitani က Rakuten ကိုပိုမိုအောင်မြင်အောင်ပြု လုပ်ဖို့အတွက် Viber ကိုဝယ်ယူ လိုက်တာဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး Mikitani က “ မိမိတို့ Messaging စနစ်ကို အဆင့်မြှင့်တင်ဖို့အတွက်ဆို ရင်ကိုယ်တိုင်လုပ်ဆောင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ Rakuten သုံးတဲ့ Customer တွေအနေနဲ့ Viber Messages ကနေတစ် ဆင့်မိမိတို့ပစ္စည်းကို မှာယူမယ်ဆိုရင်တော့ဖြစ်နိုင်ခြေ အများကြီးရှိပါတယ်” လို့ပြောကြားသွားခဲ့ပါသည်။
ထက်ပြီး Viber ရဲ့ Chief Executive ဖြစ်သူ Marco က “Rakuten နဲ့ပူပေါင်းလိုက်ခြင်းဟာကုမ္ပဏီရဲ့လက်ရှိအနေအထားကိုပိုမိုကောင်းမွန်အောင်ပြုလုပ် နိုင်မှာဖြစ်ပြီး Application တိုးတက်ဖို့ကို Free Voice Calls နှင့် Message အတွက်သာမက Digital Content အတွက်ပါလုပ် ဆောင်သွားနိုင်မှာဖြစ်တယ်” လို့ပြောခဲ့သည်။
သိပ်မကြာသေးတဲ့အချိန်က Viber ဟာ Messaging Application ကို Computer တွေမှာအသုံးပြုလို့ရအောင်ပြုလုပ်ပေးခဲ့ပြီး ၎င်းရဲ့ပြိုင်ဘက်ဖြစ်တဲ့ Skype ကိုတိုက်ခိုက်ဖို့အတွက်ထုတ်လုပ်ခဲ့ကြောင်းသိရသည်။
Viber ကို Rakuten ကမတ်လကုန်လောက်မှာလုံးဝပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကုမ္ပဏီနှစ်ခုစလုံး ကပြောကြား ထားခဲ့သည်။
Wai Phyo Aung (TSJ Team)

No comments:

Post a Comment