Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 13, 2014

Valentine's Day ဘယ် လို ဖြစ် လာ လဲ ???


AD 270 လောက်က
ရောမအင်ပါယာကြီးမှာနိုင်လိုမင်းထက် အကျင့်ရှိတဲ့ Claudiusဆိုတဲ့ ဘုရင်တစ်ပါးအုပ်စိုးခဲ့တယ်။ ဘုရင်ကြီးနန်းတော်နဲ့ မလှမ်းမဝေးတဲ့နေရာတစ်ခုမှာပဲ St.Valentineလို့ခေါတဲ့ ဘုန်းတော်ကြီးရဲ့ ဘုရားရှိခိုးကျောင်းတစ်ခုရှိလေတယ်။
ရောမလူမျိုးကြီးငယ်မရွေး ဆင်းရဲချမ်းသာမရွေးဟာ အဲ့ဒီဘုန်းတော်ကြီးကိုလေးစားကြတယ်ကိုးကွယ်ကြတယ် အမြဲလိုလို လူစုလူဝေးနဲ့ ဘုရားကျောင်းမှာ ဘုန်းတော်ကြီးရဲ့ဆုတောင်းမှု့ကိုနာယူကြလေ့ရှိတယ်။ အဲ့ဒီအချိန်မှာပဲ ရောမအင်ပါယာကြီးမှာ စစ်ပွဲတွေဆိုတာ အဆက်ပြတ်တယ်လို့မရှိခဲ့ဘူး။ ဘုရင် Claudius ဟာ ပြည်သူ တွေကို အဓမ္မ သိမ်းသွင်းပြီး စစ်မြေပြင်ကိုစေလွှတ်ခဲ့တယ် အမျိုးသား တွေဟာ မိသားစုနဲ့ ချစ်သူတွေကို ခွဲခွာပြီး စစ်မြေပြင်ကိုမသွားချင်ကြဘူး
ဒါ့ကြောင့် အင်မတန်မှစစ်ပွဲကို လိုလားတတ်သူ ဘုရင်ဟာ လူတွေကို ချစ်သူရည်းစားမဖြစ်စေရန်မင်္ဂလာမဆောင်ရ တစ်ချက်လွှတ်အမိန့် ထုတ်ပြန်ခဲ့လေတယ်။ လူငယ်အများစုက ကိုယ့်ချစ်သူကိုတောင်မှ တွေ့ဆုံခွင့်မရတော့ဘဲဝမ်းနည်းပူဆွေးစွာထားခဲ့ရပြီး စစ်မြေပြင်ထွက်ခဲ့ရတယ်။
ဘုန်းတော်ကြီး St.Valentine ဟာဝမ်းနည်းပူဆွေးကြီးစွာ ကျန်ခဲ့ရတဲ့ အမျိုးသမီး မိန်းမငယ်တွေ ၊ ရှင်ကွဲ ခွဲခံရတဲ့ ချစ်သူတွေ၊ စုံတွေအတွက် အင်မတန်စိတ်မကောင်းဖြစ်ခဲ့ရရှာတယ်။
ဒီအချိန်မှာပဲ ချစ်သူစုံတွဲ တစ်တွဲဟာ မင်္ဂလာဆောင်ပေးဖို့ ဘုန်းတော်ကြီးထံ အကူညီတောင်းခံ လာပါတော့တယ်
ဘုန်းတော်ကြီးဟာ လမ်းစဉ်မကျတဲ့ဘုရင့်အမိန့်ကို မနှစ်မြို့သူဖြစ်တာကြောင့် တိုးတိုးတိတ်တိတ် လက်ထပ်ပေးလိုက်တယ်။ဒါကို တစ်ယောက်နားတစ်ယောက်ပေါက်ကြားဖြစ်ပြီး ချစ်သူတွေဟာ လက်ထပ်ဖြစ်ခဲ့ကြတော့တယ် မကြာခင်မှာပဲ ဒီသတင်းက ဘုရင့်နားပေါက်ကြားပြီးလွန်စွာမှစိတ်ထားမကောင်းလေတဲ့ ဘုရင်ကြီးဟာ ချက်ချင်းဆိုသလို စစ်သည် ရဲမက်တွေ ဘုရားကျောင်းကိုစေလွှတ်ပြီး စုံတွဲတစ်တွဲကို ထိမ်းမြားမင်္ဂလာပြုနေတဲ့ အချိန်မှာပဲ ဘုန်းတော်ကြီးကို ဖမ်းယူစေပြီး အချုပ်နှောင်ချစေလိုက်တော့တယ်။ ဘုန်းတော်ကြီး St.Valentine ဟာ မကြာခင်မှာပဲ ထောင်တွင်းနှိပ်စက်မှု့တွေရဲ့ကြားမှာ ကွယ်လွန်သွားခဲ့ရရှာတယ်။ ပြည်သူတွေဟာ သနားကြင်နာတတ်မှု့ကြောင့် အသက်ပါစတေးခဲ့ရတဲ့ ဘုန်းတော်ကြီး St.Valentine ကို St.Praxedes ဘုရားကျောင်းမှာပဲ မြှပ်နှံခဲ့ကြတယ်

အဲ့ဒီ့နေ့ဟာ AD 270 February 14
ရက်နေ့ဖြစ်ပါတော့တယ်

Valentine day ချစ်သူများနေ့ရယ်ဆိုပြီး သတ်မှတ်ခဲ့ပေးတဲ့သူကတော့AD 496 POPE GELASIUS ဘုန်းတော်ကြီး
ဖြစ်ပါတယ် .
Credit To : Pyae Pyae

No comments:

Post a Comment