Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 20, 2014

Tip for Jesus ဆိုရင်လွှင့်မပစ်လိုက်ပါနဲ့ ။



 အကယ်၍များဒီစာကိုဖတ်ရှုနေသူဟာ အမေရိကန်နိုင်ငံမှာနေထိုင်ပြီး စားပွဲထိုး တစ်ယောက်ဖြစ်နေ ခဲ့မယ်ဆိုရင်တော့ ယေရှုအတွက်လှူဒါန်းမှု(tip for Jesus) လို့ ရေးသားထားတဲ့ထောင်နဲ့ ချီတဲ့ ဘောက် ဆူးပေးကမ်းမှုကြုံခဲ့ရရင် ပြေစာကိုလွှင့်မပစ်ဖို့ အကြံပြုချင်ပါတယ်။
 
 ဟောလီးဝုဒ်၊ကယ်လီဖိုးနီးယားကစားသောက်ဆိုင်တစ်ဆိုင်မှာစားပွဲထိုးလုပ်တဲ့ရွန်ကင်နီ ကတော့ ဒီလို tip forJesusဆိုပြီး  ဘောက်ဆူးတွေအများကြီးပေးသွားတာကိုမဖြစ်နိုင်ဘူးလို့ ယူဆခဲ့ပါတယ်။
ဧည့်သည်က ဒေါ်လာ၅၀ ဖိုးပဲစားသောက်ပြီး ထောင်နဲ့ ချီဘောက်ဆူးပေးသွားတော့  မယုံမကြည်နိုင်ဖြစ်ပြီး လွှင့်ပစ်လိုက်ပါတယ်။
တကယ်တော့ "ယေရှုအတွက်ဘောက်ဆူး" (Tips for Jeses) လို့ ရေးသားပြီး နယူးယော့ကနေ အရီဇိုးနား အထိဒေါ်လာ ထောင်နဲ့ ချီတဲ့ဘောက်ဆူးတွေကို အမည်မဖော်လို တဲ့သူတစ်ယောက်က သဒ္ဒါတရားထက်သန်စွာပေးကမ်းနေ ခဲ့တာဖြစ်ပါတယ်။

စောစောက စားပွဲထိုးမစ္စတာကင်နီဟာ ဒီလိုပေးကမ်းမှုတွေရှိတယ်ဆိုတဲ့အကြောင်း သိလာရတဲ့အချိန်မှာ သူ့ လက်ထဲ မှာ ဖြတ်ပိုင်း က မရှိတော့ပါဘူး။
မစ္စတာကင်နီက  "သူတို့ ပေးကမ်းသွားတယ်လို့  ကျနော်ကသဘောမပေါက်ဘူးဗျာ။
တစ်ယောက်ယောက်ကမူးမူးရူုးရူးနဲ့  ရေးသွားတယ်လို့ ပဲထင်ခဲ့ တာ" တဲ့။

နယူးယော့ က Boဆိုတဲ့စားသောက်ဆိုင်ကအလုပ်သမားတစ်ယောက်ကလည်း စနေ နေ့ ညနှောင်းပိုင်း ကသူစားပွဲထိုးရတဲ့ဝိုင်းက ဒေါ်လာတစ်ထောင် ဘောက်ဆူးရခဲ့တယ်။ လင်ကွန်းစင်တာနားက အလုပ် သမားက ဒေါ်လာ၃၅၀၀၊NoMadဆိုတဲ့ စားသောက်ဆိုင်ကဒေါ်လာ၇၀၀၀ ဘောက်ဆူးအဖြစ်ရခဲ့ကြ ပါတယ်။

လူတွေကတော့ယေရှုအတွက်ပေး ကမ်းမှုဆိုတဲ့လှူဒါန်းမှုတွေ ကိုPayPal ရဲ့ ဒုဥက္ကဌ  မစ္စတာ ဂျက်ဆဲလ် ဘီက ပြု လုပ်နေတာလို့ ယုံကြည်ကြပါတယ်။ မစ္စတာဆယ်လဲဘီဟာ PalPalကို eBay ထံရောင်းချပြီး သန်းပေါင်းများစွာချမ်းသာတဲ့သူဌေးကြီးဖြစ်ပါတယ်။ သူဌေးကြီးရဲ့ အသက်က ၃၉နှစ်ပဲရှိ ပါသေးတယ်။
the melting pot 4 U

ရွန်ကင်နီအလုပ်လုပ်တဲ့စားသောက်ဆိုင်
Source

No comments:

Post a Comment