Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 9, 2014

အလုပ်မခန့်သော ကုမ္ပဏီများကို ကြောင်မစင်များ စာတိုက်က ပို့နေသူ အရေးယူခံရ



စိန့်လူးဝစ်စ်၊ ဖေဖော်ဝါရီ ၈

အမေရိကန် ပြည်ထောင်စု စိန့်လူးဝစ် နယ်သားတစ်ဦးဟာ သူအလုပ်လျှောက်တိုင်း မခန့်ခဲ့တဲ့ ကုမ္ပဏီတွေ စီးပွားရေး လုပ်ငန်းတွေကို ကြောင်ချေးတွေ စာတိုက်ကနေ ပို့နေတာကြောင့် ၂ နှစ်ခံဝန်ချုပ် အရေးယူ ခံရထားရတယ်လို့ UPI သတင်းတစ်ပုဒ်က ဖော်ပြထားပါတယ်။

အသက် ၅၈ နှစ်အရွယ်ရှိ ဂျီဗွန်စ်ဘရောင်းလို့ အမည်ရသူဟာ ကြောင်ချေးတွေကို စုဆောင်းခဲ့ပြီး အသေအချာ ထုပ်ပိုးပြီးတော့ စီးပွားရေး လုပ်ငန်းတွေကို ပို့နေခဲ့ပါတယ်။

ထိခိုက်စေတဲ့ အရာတွေကို ပို့တဲ့အမှုနဲ့ မစ္စတာ ဂျီဗွန်စ်ဘရောင်းကို ခံဝန်ချုပ် အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။

အလုပ်မရလို့ ကြောင်ချေး ပို့ခဲ့တဲ့ ဒီအမေရိကန်ကြီးဟာ စစ်ပြန်ကြီး တစ်ဦးလည်း ဖြစ်ပါတယ်။

အမေရိကန်စာတိုက် စုံစမ်းရေး ဌာနက ကြောင်ချေးတွေရဲ့ နောက်ကြောင်းကို လိုက်ရင်း မစ္စတာ ဘရောင်းကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်လို့ စာတိုက်လုပ်ငန်း ပြောရေးဆိုခွင့်ရ အရာရှိ ဒန်တေလာက ပြောပြပါတယ်။

“ဒီကိစ္စဟာ ဘယ်သူ့ကိုမှ ထိခိုက်တဲ့ကိစ္စ မဟုတ်ဘူးလို့ ဆိုလို့ မရပါဘူး” ဟု ဥပဒေအရာရှိ ဂျွန်ဘိုဒန်ဟောဆန်က တရားရုံးမှာ ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment