Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 11, 2014

၁၅ ကြိမ်ခန့် ရုံးထုတ်ခံရပြီး RNDP မြို့နယ်ဥက္ကဋ္ဌ အပါဝင် ၁၁ဦး ပြန်လည်လွတ်မြောက်

ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် စပ်လျဉ်း၍ တရားစွဲဆို စစ်ဆေးခံရသူ သံတွဲမြို့နယ် RNDP ဥက္ကဋ္ဌ ဦးမောင်ပုနှင့် အမျိုးဘာသာ စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များကို အမှုစီရင်ချက်ချရာတွင် စစ်ဆေးပေါ်ပေါက်ခြင်း မရှိသဖြင့် တရားရုံးက တရားသေ ပြန်လွှတ်လိုက်သည်ဟု ကာယကံရှင်များက ဖေဖော်ဝါရီ ၁၁ရက်တွင် မဇ္ဈိမကိုပြောသည်။

သံတွဲမြို့တွင် ရခိုင်အမျိုးသားတစ်ဦးနှင့် အစ္စလာမ် ဘာသာဝင်တစ်ဦး အချင်းများရာက နေအိမ်မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ ဥက္ကဋ္ဌ ဦးမောင်ပုအပါအဝင်၊ အမျိုးဘာသာ စောင့်ရှောက်ရေး အဖွဲ့ဝင်အချို့ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ ထိုသို့ဖမ်းဆီးခဲ့ပြီး သံတွဲထောင်နှင့် ကျောက်ဖြူထောင်တို့တွင် ပြောင်းလဲစစ်ဆေးခဲ့သည်။

"၁၅ကြိမ်လောက် ရုံးထုတ်စစ်ဆေးပြီး အပြစ်တစ်စုံတစ်ရာ မရှိပါဘူးလို့ တရားသူကြီးက ဆုံးဖြတ်ပြီး ပြန်လွှတ်လိုက်တာဖြစ်ပါတယ်”ဟု သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးမောင်ပုက မဇ္ဈိမကိုပြောသည်။

အောက်တိုဘာ ၁၇ရက်တွင် ကျောက်ဖြူထောင်မှ သံတွဲထောင်သို့ပြန်လည် လွဲပြောင်းခဲ့ပြီး သံတွဲထောင်တွင် ၂ လကျော်ကြာ စစ်ဆေးခဲ့ခံရသည်။ ဒီဇင်ဘာ ၃ ရက်တွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီး အမှုကို ဆက်လက်ရင်ဆိုင်နေရခြင်း ဖြစ်ကာ ဖေဖော်ဝါရီ ၁၁ရက်တွင် တရားရုံး တရားသေဖြင့် ပြန်လည်လွှတ်ပေးခြင်း ဖြစ်သည်။

“မှားယွင်းဖမ်းဆီးတဲ့အပေါ်ကိုတော့ တုံ့ပြန်ဖို့မရှိပါဘူး၊ မကြာခင်မှာ ၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေနဲ့ ဝှိုက်ကဒ်(White Card) ကိုင်ဆောင်တဲ့ကိစ္စကို ဆန္ဒထုတ်ဖော်သွားဖို့ရှိပါတယ်”ဟု ပြန်လည်လွတ်မြောက်လာသူ အမျိုးဘာသာ သနာစောင့်ရှောက်ရေး အတွင်းရေးမှူး ဦးထွန်းသန့်ကျော်က ဆိုသည်။

အဆိုပါ လွတ်မြောက်လာသူများသည် ပုဒ်မ ၅၀၅ (ဂ) နှင့် ပုဒ်မဖြစ်သည့် ၃၃၂/ ၂၀၁၃ ပြစ်မပုဒ်မ ၁၈၆ တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ပြီး ပုဒ်မ ၅၀၅ (ဂ)မှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ကင်းလွတ်ခဲ့ပြီး ကျန်ရှိနေသေးသည့် အမှုတွဲကို စစ်ဆေးပြီးနောက် လွတ်မြောက်လာခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်းက ဖြစ်ခဲ့သည့်သံတွဲပဋိပက္ခတွင် နှစ်ဖက်အဖွဲ့အစည်းမှ လူခုနစ်ဦး သေဆုံးခဲ့ပြီး အိမ်ထောင်စုပေါင်း ၁၁၂ စု မီးလောင်ခဲ့ကာ လူဦးရေ ၄၈၇ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။
လက်ရှိတွင် သံတွဲမြို့ ပဋိပက္ခဖြစ်စဉ် နှင့်စပ်လျဉ်း၍ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပြီး ဒီဇင်ဘာ ၃၀ ရက်တွက် သုံးနာရီလျှော့ချခဲ့သည်။

ကေဇူး
Mizzima - News in Burmese

သံတွဲပဋိပက္ခအတွင် နေအိမ်မီးရှို့မှုများ 

No comments:

Post a Comment