Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 18, 2014

Rio 2




Blu, Jewel နဲ့သူတို့ရဲ့ကလေးသုံးယောက်ဟာ Rio de Janeiro မြို့ပေါ်က လူသားတွေနဲ့ရောရောနှောနှောနေထိုင်တဲ့ သူတို့ရဲ့ဘ၀ကိုစွန့်ပယ်ပြီး သားရဲတိရိစ္ဆာန်တွေစုံလင်တဲ့ အမေဇုံတောနက်ထဲကိုခရီးထွက်တာဖြစ်ပါတယ်။ အဲဒီ့နေရာကိုအရောက်တဲ့အချိန်မှာ သူတို့မိသားစုဟာ နှစ်ရှည်လများကွဲကွာနေရပြီး  အခြားသောကြက်တူရွေးအပြာအုပ်စုနဲ့အတူပုန်းအောင်းနေတဲ့ Jewel ရဲ့ အဖေနဲ့အမှတ်မထင် ပြန်တွေ့ရပါတယ်။ ဒါပေမယ့် သူတို့ဟာ အမေဇုံတောကြီး အန္တရာယ် ကျရောက်နေကြောင်းနဲ့ Blu နဲ့ Jewel တို့ရဲ့ရန်သူဟောင်း ကတ္တဝါငှက်ကြီး Nigel ကလက်စားချေဖို့ ရည်ရွယ်ချက်နဲ့ ပြန်လာတာကိုသိတဲ့အခါ အခြေအနေတွေအကုန်ဆိုးဝါးကုန်ပါတော့တယ်။
Rio 2 ဟာအမေရိကန် 3D computer-animated၊ ဂီတနောက်ခံ၊ စွန့်စားခန်း၊ ဟာသရုပ်ရှင်ဖြစ်ပြီး ၂၀၁၁ ခုနှစ်ကထုတ်လုပ်ခဲ့ပြီးအကြီးအကျယ်အောင်မြင်ခဲ့တဲ့ computer-animated ဇာတ်ကား Rio ရဲ့နောက်ဆက်တွဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားနာမည်ဟာ ဘရာဇီးလ်နိုင်ငံက Rio de Janeiro မြို့နာမည်ကိုရည်ညွှန်းတာဖြစ်ပါတယ်။ ဒါရိုက်တာ Carlos Saldanha ကရိုက်ကူးထားတာဖြစ်ပြီး အသံသရုပ်ဆောင်တွေကတော့ Jesse Eisenberg, Anne Hathaway, will.i.am, Jamie Foxx, George Lopez, Tracy Morgan, Jamine Clement, Leslie Mann, Rodrigo Santoro နဲ့ Jake T. Austin တို့ဖြစ်ပါတယ်။ အမေရိကန်ရုပ်ရှင်ရုံတွေမှာ ဧပြီလ ၁၁ ရက်နေ့မှာဖွင့်လှစ်ပြသမှာဖြစ်ပြီး နိုင်ငံတကာမှာတော့ မတ်လ ၂၀ ရက်နေ့မှာထုတ်မှာဖြစ်ပါတယ်။
Ref:Wikipedia.org
Trend Myanmar
 

No comments:

Post a Comment