Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 13, 2014

စာရင်းကိုင် အမှားကြောင့် ချွတ်ခြုံကျသွားခဲ့ဖူးတဲ့ Rihanna


Rihannaကို Instagram မှာ ဖျတ်ခနဲ့တွေ့လိုက်ရတာက သူမဟာ ပါတီဆင်နွှဲရတာကို ကြိုက်ပြီး အသုံးအဖြုန်းလည်း ကြီးတယ်ဆိုတာပါပဲ။ အဲ့ဒီ့ကနေ သတင်းတစ်ပုဒ် ဖြစ်လာတော့တာပါပဲ။ “Pour It Up” သီချင်းအဆိုတော် Rihannaဟာ ကန်ဒေါ်လာ ၄၃သန်း ပိုင်ဆိုင်သူ ဖြစ်ပေမဲ့ ၂၀၀၉ခုနှစ်တုန်းက တော်တော်လေး မွဲပြာကျသွားခဲ့တယ်လို့ သိရပါတယ်။
Barbados ကျွန်းသူ စူပါစတား Rihanna ဟာ ၂၀၀၉ခုနှစ် အစပိုင်းမှာ ကန်ဒေါ်လာ ၁၁သန်း ပိုင်ဆိုင်ခဲ့ပြီး သူမ စားရင်းကိုင်ရဲ့ အတည်ပြုချက်ရပြီးတဲ့နောက်မှာ ဒေါ်လာ ၇သန်းတန် အိမ်တစ်လုံး ၀ယ်ခဲ့တယ်လို့ TMZ သတင်းဝဘ်ဆိုဒ်က ထုတ်ပြန်ပါတယ်။ ကန်ဒေါ်လာ ၂သန်းပဲ လက်ကျန်ရှိပြီး သူမရဲ့ အသုံးစရိတ်တွေဟာ နှစ်ကုန်ပိုင်းမှာ နှစ်ဆ တိုးလာခဲ့ပါတယ်။ Rihanna ဟာ ဒီလိုနဲ့ ငွေရေးကြေးရေး အခက်အခဲတွေ ဖြစ်ခဲ့ပါတယ်။ ပိုဆိုးစေခဲ့တာက သူမရဲ့ တစ်ကိုယ်တော် တတိယမြောက် ဖျော်ဖြေမှုဖြစ်တဲ့ Last Girl on Earth ရှိုးပွဲကရတဲ့ ပိုက်ဆံတွေ ဆုံးရှုံးခဲ့တာပါပဲ။ Rihanna ရဲ့စားရင်ကိုင်ကြောင့်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ၂၁ရာစုရဲ့ အကျော်ကြားဆုံး အနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Rihanna ဟာ သူမပိုင် အိမ်ကြီးကို ကန်ဒေါ်လာ ၂သန်း အရှုံးခံပြီး ရောင်းလိုက်ရပါတယ်။ ဒီ့နောက်မှာတော့ သူမရဲ့ စားရင်းကိုင်ကို စီမံခန့်ခွဲရေး ညံ့ဖျင်းမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။
ဒါပေမဲ့ ထောက်ခံအားပေးမှု၊ ရှိုးပွဲသီဆိုမှု၊ Billboardမှာ ထိပ်ထိအောင် ပေါက်တဲ့ သီချင်းတွေ ထုတ်လုပ်နိုင်မှု စတာတွေနဲ့ များမကြာမီဆိုသလို ပြန်ပြီး ထူထူထောင်ထောင် ဖြစ်လာခဲ့ပါတယ်။ ငွေရေးကြေးရေးကြောင့် ထပ်ပြီး ဒုက္ခတွေ့မယ်မဲ့ ပုံတော့မပေါ်ပါဘူး။ မကြာသေးမီက ဖျော်ဖြေခဲ့တဲ့ Diamonds World ရှိုးပွဲမှာ အကြမ်းဖျင်း ကန်ဒေါ်လာ ၁၄၉ ဒဿမ ၉ သန်းရရှိခဲ့တယ်လို့ သိရလို့ပါပဲ။
Ref:theboombox.com
Trend Myanmar

No comments:

Post a Comment