Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 20, 2014

Rain , Kim Woo Bin နဲ့ Lee Jong Suk တို့ကို အတူတကွတွေ့ရမယ့် Running Man

          SBS ရုပ်သံလိုင်းက ထုတ်လွှင့်မယ့် Australia special “Running Man” မှာ နာမည်ကြီးသရုပ်ဆောင် သုံးဦးဖြစ်တဲ့ Rain , Kim woo Bin နဲ့ Lee Jong Suk တို့ ပါဝင်မယ်လို့ သိရပါတယ်။
ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က တရားဝင်ထုတ်ပြန်ချက်တွေအရ သူတို့သုံးဦးဟာ လာမယ့် (၂၂)ရက်နေ့မှာ ဒီဇာတ်ကားအတွက် သြစတေးလျကို ထွက်ခွာမယ်လို့သိရပါတယ်။ ဒါဟာ “Running Man” ကို အရှေ့တောင်အာရှမှာ မဟုတ်ဘဲ အနောက်နိုင်ငံမှာ ရိုက်ကူးတဲ့ ပထမဦးဆုံးသော အထူးရုပ်ရှင်ဇာတ်ကား လည်း ဖြစ်ပါတယ်။
မကြာသေးခင်က သတင်းတွေအရ ဒီဇာတ်ကားမှာ ပါဝင်မယ့် သရုပ်ဆောင် Lee Jong Suk ဟာ အဖျားရောဂါ ကုသဖို့အတွက် ဆေးရုံမှာဆေးကုသမှု ခံယူနေတာကြောင့် ပါဝင်ဖို့ မသေချာဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဖေဖေါ်ဝါရီ (၁၉)မှာတော့ သူ့အနေနဲ့ ပါဝင်ဖို့ သေချာသွားပြီဖြစ်ကြောင်း သူ့ရဲ့ အေဂျင်စီက ပြောပါတယ်။
“Running Man” ဟာ အထူးပွဲတွေအနေနဲ့ Thailand , Macao နဲ့ Vietnam တို့မှာလည်း ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ Kim Woo Bin ကတော့ မကြာသေးခင်ကပဲ US မှာရှိတဲ့ Mojave Desert မှာ W Korea ဖက်ရှင်မဂ္ဂဇင်းအတွက် ဓါတ်ပုံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
Rain  အနေနဲ့လည်း နောက်လမှာ “2014 Rain Effect Show In Beijing” ကို တရုတ်ပြည်မှာ ကျင်းပဖို့ ရှိပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် ရှိုးပွဲဖြစ်ပြီး ပရိတ်သတ်ပေါင်း ၉၀၀၀ လောက် စုစည်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒီရှိုးပွဲအကြောင်းကို တရုတ်မီဒီယာတွေကလည်း နေ့စဉ်လိုလို ကြေငြာနေကြပါတယ်။
Ref:kpopstarz.com
Trend Myanmar

No comments:

Post a Comment