Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 5, 2014

Paul Walker ရဲ့သမီးဖြစ်သူ ဒေါ်လာ ၂၅ သန်းအမွေရ


Paul Walker ရဲ့သမီးဟာ ဒေါ်လာ ၂၅ သန်းအမွေရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၃၀ က သူငယ်ချင်းဖြစ်သူ Roger Roads နဲ့အတူယဉ်တိုက်မှုဖြစ်ပြီးသေဆုံးသွားခဲ့တဲ့ Paul Walker ဟာအသက် ၁၅ နှစ်အရွယ်သမီးဖြစ်သူ Meadow Rain Walker ကို သူပိုင်ဆိုင်သမျှစည်းစိမ်တွေရဲ့တစ်ဦးထဲသောအမွေဆက်ခံသူအဖြစ် သက်မှတ်ပေးခဲ့တာဖြစ်ပါတယ်။
TMZ.com ရဲ့အဆိုအရ The Fast and the Furious မင်းသားဟာဒီကိစ္စတွေအတွက် သူ့အဖေ Paul Sr. ကိုတာဝန်ယူဆောင်ရွက်သူအဖြစ်ခန့်အပ်ခဲ့တာဖြစ်ပြီး Paul Sr. က တရားဝင်စာရွက်စာတမ်းတွေကို တရားရုံးမှာတင်ခဲ့တာဖြစ်ပါတယ်။
Paul Walker ရဲ့ဆန္ဒအတိုင်း Paul Walker ရဲ့အမေဖြစ်သူ Cheryl Walker ကဒီဆယ်ကျော်သက်ကောင်မလေးရဲ့ အုပ်ထိန်းသူနဲ့ ဒီ ၂၅ သန်းကိုထိန်းသိမ်းသူအဖြစ်ခန့်အပ်ဖို့အတွက်လဲ သူကတရားရုံးတော်ကိုစာရေးပြီးတောင်းဆိုထားပါတယ်။
Meadow ဟာလက်ရှိမှာတော့ သူမရဲ့အမေ Rebecca Soteros နဲ့အတူနေနေတာဖြစ်ပေမယ့် သူ့အဖေမသေခင် ကာလတိုလေးမှာ သူ့အဖေနဲ့အချိန်ပြည့်နေခဲ့တာလို့ဆိုပါတယ်။
တရားရုံးရဲ့ကြားနာမှုကိုဒီလနောက်ပိုင်းမှာလုပ်မှာဖြစ်ပါတယ်။
“သူမသူနဲ့ အချိန်ပြည့်အတူတူနေရတုန်းက ခင်ဗျားထင်ထားတာထက် သူပိုပြီးပျော်ရွှင်ခဲ့ပါတယ်။ သူမဟာ သူ့ဘ၀ရဲ့အချစ်ဆုံးသူပါ။ သူကကောင်းမွန်တဲ့ဖခင်တစ်ယောက်ဖြစ်ပြီး သူမနဲ့အတူတူ (အချိန်ပိုင်း)နေဖို့အတွက် လုံလောက်မှာမဟုတ်ဘူးလို့ခံစားရတဲ့အတွက် အတူတူနေဖို့ဆုံးဖြစ်ခဲ့တာကိုပျော်နေခဲ့တာပါ” လို့အတွင်းသိတစ်ယောက်ကပြောပါတယ်။

Ref:starpulse.com
Trend Myanmar

No comments:

Post a Comment