Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 6, 2014

Mr. University ပြိုင်ပွဲဝင်တစ်ဦး ဟိုတယ်ရေကူးကန်တွင် သေဆုံးခဲ့သည့် ဖြစ်စဉ်အား အင်းစိန်ရဲစခန်းမှ CID သို့ လွှဲပြောင်း

Written by: 
ကျော်ထင်
Mr. University ပြိုင်ပွဲဝင် ကျောင်းသားတစ်ဦးဖြစ်သူ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ကောင်းမြတ်ဟိန်း (ခ) ကျော်ဇောဟိန်း ဟိုတယ်ရေကူးကန်တွင် သေဆုံးခဲ့သည့် ဖြစ်စဉ်အား စစ်ဆေးရန် အင်းစိန်ရဲစခန်းမှ CID သို့ ဖေဖော်ဝါရီ ၃ ရက်တွင် လွှဲပြောင်းခဲ့ကြောင်း သေဆုံးသူ၏ အစ်ကိုတော်စပ်သူ ကိုအောင်ကိုကိုက ဖေဖော်ဝါရီ ၆ ရက်က ပြောကြားသည်။
Mr. University ပြိုင်ပွဲဝင် ကျောင်းသား ကောင်းမြတ်ဟိန်း (ခ) ကျော်ဇောဟိန်းမှာ  နောက်ဆုံးအဆင့်ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်နေစဉ် ပြိုင်ပွဲကျင်းပရန် သုံးရက်အလို ဇန်န၀ါရီ ၂၁ ရက် ည ၁၂ နာရီခန့်က စခန်းသွင်းလေ့ကျင့်သည့် အင်းစိန်မြို့နယ်ရှိ City Hall Resort  ဟိုတယ်ရှိ အနက် ၁၀ ပေခန့် ရေကူးကန်၌ သေဆုံးခဲ့ခြင်းဖြစ်သည်။
“အစ်ကို့ညီလေးက ရေကူးတတ်တယ်။ ရေကူးကန်ထဲမှာ ရေနစ်ပြီးသေဆုံးတာ ပုံမှန်လို့ မယူဆဘူး။ ပြီးတော့ ည ၁၂ နာရီ ဖြစ်နေတယ်။ ပြီးတော့ သူက အရက်သေစာလည်း မသောက်စားတတ်ဘူး။ ဒါကြောင့် သွေးရိုးသားရိုး မဟုတ်ဘူးလို့ ယူဆတဲ့အတွက် CID ကပါ ရင်ခွဲကတည်းက စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ အခုတော့ နေပြည်တော်ကနေ ရဲစခန်းကနေတစ်ဆင့် CID ကို လွှဲခိုင်းလိုက်တယ်လို့ ပြောတယ်”ဟု ကိုအောင်ကိုကိုက ပြောကြားသည်။
ထို့ပြင် ကောင်းမြတ်ဟိန်း (ခ) ကျော်ဇောဟိန်း၏ အသားစများ၊ ရင်တွင်းကလီစာများကိုပါ ဓာတ်ခွဲခန်းပို့ စစ်ဆေးထားပြီး တရားဝင်စစ်ဆေးချက် အဖြေမသိရသေးဘဲ CID ကလည်း ဆက်လက်စစ်ဆေးနေကြောင်း၊ မိသားစုအနေဖြင့်လည်း အမှုမှန်အမြန်ဆုံး ပေါ်ပေါက်စေရန် ဆန္ဒရှိကြောင်း ကိုအောင်ကိုကိုက ဆက်လက်ပြောကြားသည်။
အင်းစိန်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကမူ “ဒီအမှုကို CID ကို လွှဲပေးလိုက်ပါပြီ”ဟု ဖေဖော်ဝါရီ ၆ ရက်က ပြောကြားသည်။
ယင်းသို့  Mr. University ပြိုင်ပွဲဝင် ကျောင်းသား သေဆုံးသွားခဲ့ခြင်းကြောင့် Mr & Miss University နောက်ဆုံးအဆင့် ပြိုင်ပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားသည်။                  
Go to Source

No comments:

Post a Comment