Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 20, 2014

Miley Cyrus နဲ့ Jared Leto တို့တွဲနေသလားရယ်


အော်စကာဆု တစ်ကြိမ် လျာထားခြင်းခံရဖူးသူ ကင်ညာ-မက္ကစီကန် မင်းသမီး၊ဒါရိုက်တာ Lupita Amondi Nyong’o ပြီးတော့ အခု Miley Cyrus ဟာ အမေရိကန်မင်းသား၊ တေးရေးတေးဆို၊ ဂီတပညာရှင်၊ ဒါရိုက်တာ Jared Leto နဲ့ တွဲနေလားရယ်လို့ သတင်းထွက်လာပါတယ်။
“Jared Letoနဲ့ Miley Cyrus တို့နှစ်ယောက်ဟာ ယခုလအစောပိုင်းမှာ တွဲနေခဲ့ကြတယ်။ လော့စ်အန်ဂျလိစ်က Leto ရဲ့ အိမ်မှာ Cyrus နေခဲ့တယ်။”လို့ အမည်မဖော်လိုသူ တစ်ယောက်က ပြောခဲ့ပါတယ်။ သူတို့နှစ်ယောက် ဟာ ခင်မင်ကြကြောင်း၊ နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြမယ့်ပုံပေါ်ကြောင်း၊ အနုပညာနဲ့ဂီတ အကြောင်းတွေ ပြောဆိုကြဖို့ နှစ်သက်ကြကြောင်း တိုက်တိုက်ဆိုင်ဆိုင် ပြောလာတဲ့သူတွေလဲ ရှိပါတယ်။
Jared Letoဟာ မကြာသေးမီက အော်စကာဆုလျာထားခြင်းခံခဲ့ရပြီး ဆက်စပ်မှု ကောလာဟလတချို့အတွက် ပစ်မှတ်ဖြစ်လာပါတယ်။ Miley Cyrus, Luptia Nyong’o တို့အပြင် ပြီးခဲ့တဲ့လက Taylor Swift နဲ့တောင် တွဲခဲ့တယ်ဆိုပြီး မဂ္ဂဇင်းတွေက ဖွကြပါတယ်။
Miley Cyrus ရော၊ Luptia Nyong’o နှစ်ယောက်စလုံးဟာ ခုထိအသားကျသေးသူတွေ မဟုတ်ပါဘူး။ ဒါ့ကြောင့် သို့လော၊ သို့လောနဲ့ သံသယ သေတ္တာကြီးထဲမှာပဲ ထည့်သိမ်းထားရုံရှိပါတော့တယ်။
Ref:starpulse.com
Trend Myanmar

No comments:

Post a Comment