Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 14, 2014

ကိုယ့်ဂီတကိုကိုယ်ပြန်မုန်းနေရတဲ့ Madonna


Madonna ဟာကိုယ့်သီချင်းတွေကိုယ်ပြန်နားထောင်ရတာ စိတ်ပျက်ငြီးငွေ့နေပြီး သူမကိုယ်တိုင်ဖန်တီးထားတဲ့သီချင်းကုန်ကြမ်းတွေကို သီချင်းဖြစ်အောင် ဖန်တီးရတာအလုပ်မဖြစ်ဘူးလို့ဆိုပါတယ်။
“ကျွန်မကိုယ်တိုင်ရေးဂီတကိုသီချင်းဖြစ်အောင်မဖန်တီးပါဘူး။ ကျွန်မရဲ့ကိုယ်တိုင်ရေးတဲ့ဂီတကို မုန်းပါတယ်။ ကျွန်မဆိုလိုတာက ကျွန်မဒါကိုငြီးငွေ့နေတာပါ” လို့ဝန်ခံပြောကြားလိုက်ပါတယ်။
“ကျွန်မဂီတကိုကျွန်မနှစ်သက်ပါတယ်။ ဒါပေမယ့်ကျွန်မငြီးငွေ့နေပါတယ်။ ကျွန်မသီချင်းဖန်တီးတဲ့အခါအခြားသူတွေရဲ့ဂီတကိုပဲကြားချင်ပါတယ်” လို့လဲပြောသွားပါတယ်။
Lourdes (၁၇နှစ်)၊ Rocco (၁၃ နှစ်)၊ Mercy နဲ့ David (၈နှစ်စီ)ဆိုတဲ့ကလေး လေးယောက်ရဲ့မိခင် Madonna ဟာသူမရဲ့ပြေပြစ်တဲ့ခန္တာကိုယ်အချိုးအစားကြောင့်နာမည်ကြီးပေမယ့် သူမရဲခန္တာကိုယ်နဲ့ပါတ်သတ်ပြီး အမြဲတမ်းပျော်ရွှင်နေတာတော့မဟုတ်ပါဘူး။
Canada နိုင်ငံ Toronto မြို့မှာရှိတဲ့သူမရဲ့အားကစားရုံ Hard Candy Fitness Gym ဖွင့်ပွဲတုန်းက “ကျွန်မမှာ ကျွန်မရဲ့ခန္တာကိုယ်နဲ့အချစ်အမုန်းဆက်နွယ်မှုတွေရှိပါတယ်။ တစ်ချို့နေ့တွေမှာကျွန်မကျေနပ်ပြီး ကျန်နေ့တွေမှာဆိုရင်တော့ ကံမကောင်းတာက ငါဟာ Gisele Bundchen ရဲ့ခန္တာကိုယ်မျိုးနဲ့ မွေးလာတာမဟုတ်ဘူး။ ဒီတော့အဲဒီလိုဖြစ်အောင်လုပ်ရမယ်။ ဒါပေမယ့်လဲအေးဆေးပါဆိုပြီးတွေးမိတယ်” လို့ပြောပါတယ်။
အသက် ၂၆ နှစ်အရွယ် dancer Timor Steffens နဲ့တွဲနေတဲ့ Madonna ကသူမဟာ ကြွက်သားကြီးမားတဲ့ယောက်ျားတွေကိုနှစ်သက်တဲ့သူမဟုတ်ကြောင်း ဒါပေမယ့်လည်း အချိုးအစားပြေပြစ်တဲ့ ယောက်ျားတွေကို ကြိုက်ကြောင်းပြောပါတယ်။
“လေ့ကျင့်ခန်းလုပ်ဖို့တော့လိုပါတယ်။ ကျွန်မကြွက်သားအရမ်းကြီးမားတာတွေတော့မကြိုက်ပါဘူး။ ဒါပေမယ့်အဓိပ္ပါယ်ဖွင့်ဆိုချက်လေးနဲနဲပိုလုပ်မယ်ဆိုရင်တော့ကောင်းမှာပါ။ ကျွန်မက ပိန်ပိန်ပါးပါးနဲ့သာမန်ပုံစံဖြစ်ပြီး တိုက်ခိုက်နေတဲ့စက်ယန္တရားမျိုးကိုကြိုက်တာ” လို့ Entertainment Tonight အစီအစဉ်ကသတင်းထောက် Roz Weston ကိုပြောပါတယ်။
Ref:starpulse.com
Trend Myanmar

No comments:

Post a Comment