Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 9, 2014

Lenovo ၏ရှယ်ယာအချို့ကို Google ပြန်လည်ဝယ်ယူ

ကွန်ပျူတာနှင့် စမတ်ဖုန်းများ ထုတ်လုပ်သည့် Lenovo၏ ရှယ်ယာ (၆)ရာခိုင်နှုန်းကို Google က ပြန်လည် ဝယ်ယူလိုက်


Googleသည် Lenovo နည်းပညာ လုပ်ငန်းစုကြီး၏ ရှယ်ယာအချို့ကို ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံမှု ဗျူဟာ အပြောင်းအလဲ ပြုလုပ်လိုက်ကြောင်း သိရသည်။ Google အနေဖြင့် ၎င်းတို့ပိုင်ဆိုင်သည့် Motorola စမတ်ဖုန်း လုပ်ငန်းကို Lenovoထံသို့ ရောင်းချရန် သဘောတူညီခဲ့သည်။ ထို့နောက် တစ်ရက်အတွင်းမှာပင် ကွန်ပျူတာနှင့် စမတ်ဖုန်းများ ထုတ်လုပ်သည့် Lenovo၏ ရှယ်ယာ (၆)ရာခိုင်နှုန်းကို ပြန်လည် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။ တရုတ်နည်းပညာ လုပ်ငန်းစုကြီး၏ ရှယ်ယာ (၆)ရာခိုင်နှုန်းအတွက် Googleက ဒေါ်လာ သန်း(၇၅၀) ပေးချေခဲ့ရသည်။

အစောပိုင်းက Lenovoသည် Motorolaနှင့် IBMကုမ္ပဏီပိုင် Low-End Server လုပ်ငန်းများကို စုစုပေါင်း ဒေါ်လာ (၅)ဘီလျံမျှ အကုန်အကျခံ ဝယ်ယူထားခဲ့သည်။ ယင်းဝယ်ယူမှု နှစ်ခုသည် Lenovo၏ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ရင်းနှီးမြှုပ်နှံမှုများလည်း ဖြစ်လာခဲ့သည်။ Lenovoက စမတ်ဖုန်း ထုတ်လုပ်ရောင်းချမှု ဈေးကွက်တွင် နေရာကျယ်ကျယ် အုပ်စိုးနိုင်ရန် ရည်ရွယ်ချက်ဖြင့် Motorolaကို ဝယ်ယူခဲ့သလို တစ်ဖက်တွင်လည်း Googleက Lenovo၏ ရှယ်ယာအချို့ကို ပြန်လည် ဝယ်ယူခြင်းဖြင့် ဈေးကွက်အခြေအနေတွင် အပြောင်းအလဲများ ဖန်တီးခဲ့သည်။ Lenovoသည် (၂၀၀၅)ခုနှစ်က IBM၏ Thinkpad ယူနစ်ကို ဝယ်ယူလိုက်ပြီးနောက်ပိုင်း ဈေးကွက်ထဲတွင် အကြီးမားဆုံး ခြေလှမ်းသစ် စတင်နေခြင်းလည်း ဖြစ်သည်။ Lenovo အနေဖြင့် Motorolaကို ဝယ်ယူလိုက်ခြင်းဖြင့် လာမည့်နှစ်ပိုင်းများအတွင်း အမေရိကန်နှင့် ဥရောပ ဈေးကွက်များကို ပိုမိုထိုးဖောက်သွားနိုင်ရန် မျှော်လင့်နေကြောင်းလည်း သိရှိရသည်။


From Planet

No comments:

Post a Comment