Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 19, 2014

စာအုပ်ပေါင်း ၁၂၀၀ ကို အလွတ်ရ အမှတ်ရသူ Kim Peek


Kim Peek လို့ အမည်ရတဲ့ အမေရိကန်ဖွား အမျိုးသား တစ်ဦးဟာ မွေး ကတည်းက ဦးနှောက်မှာ ချို့ယွင်းချက်နဲ့ မွေးဖွား လာသူ ဖြစ်ပါတယ်။ ဒီတော့ ကျပ်မပြည့်သူ တစ်ဦး အဖြစ် အသတ်မှတ်ခံရ ပါတယ်။ သို့ပေမယ့် ယင်းအားနည်းချက်ကပဲ သူ့အားသာချက် ဖြစ်လို့လာပါတယ်။ အဲဒါ ကတော့ မှတ်ဥာဏ်က သာမန်လွန်ထက် သိသိသာသာကို ကောင်း မွန်ခြင်း ဖြစ် ပါတယ်။

စာအုပ်ဖတ်တာလည်း အင်မတန်မြန်ပြီး တစ်နာရီအတွင်း စာအုပ်ရဲ့  ဘယ်စာမျက်နှာမှာ ဘာတွေ ပြောတယ်ဆိုတာကိုတောင် တိတိ ကျကျ ပြန်ပြော နိုင်ပါတယ်။ Kim Peek အသက်ရှင်တဲ့ သက်တမ်း တစ်လျှောက် ဖတ်ထားတဲ့ စာအုပ်ပေါင်း ၁၂၀၀ ကျော်ကိုလည်း အတွင်းက စာများကို တိတိကျကျ ပြန်လည် ပြောပြ ရွတ်ပြ နိုင်စွမ်းရှိတာကို အံ့မခန်း တွေ့ရှိခဲ့ ပါတယ်။ Rain Man အမည်ရ ရုပ်ရှင်မှာတောင် သူ့ရဲ့  ထူးခြားမှုကို ယူပြီး ဇာတ်ကောင် တစ်ခု အဖြစ် ဖန်တီးခဲ့ပါ သေးတယ်။
၂၀၀၉ ဒီဇင်ဘာ ၁၉ မှာ ကွယ်လွန်ခဲ့ပါတယ်။ နှလုံးရောဂါနဲ့ အသက် ၅၈ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါတယ်။ သူ့ထူးခြားချက် အနေနဲ့ စာအုပ် တစ်အုပ်ရဲ့ ၂ မျက်နှာကို ဖွင့်ပြီး မျက်လုံး တစ်လုံးနဲ့ တစ်မျက်နှာကို ဖတ်လို့ ၂ မျက်နှာစလုံးကို တစ်ခါတည်း မှတ်သား နိုင်ကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း -innewsmyanmar

No comments:

Post a Comment