Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 13, 2014

နှစ်ခြင်းဘုရားကျောင်းဝန်းနေ ဒေသခံစစ်ရှောင်ရွာသား(၄)ဦးအား KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်



ဖေဖေါ်ဝါရီ ၁၃ ရက် ၂၀၁၄

ကချင်ပြည်နယ် မိုးမောက်မြို့ နှစ်ခြင်းဘုရားကျောင်းဝန်းနေ ဒေသခံ စစ်ရှောင်ရွာသား(၄)ဦးအား ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ် ဆောင်သွားကြောင်း ယင်းဒေသံအချို့ထံမှ သိရသည်။

``ဦးခန့်ကျယ်လက အရင်ရောက်လာတာ၊ ဘာသာရေးကိစ္စ ပြောစရာရှိတယ် ဆိုပြီး သူတို့(၄)ယောက်ကို ခေါ်ခိုင်းလိုက်တယ်။ တောင်ယာမှာ အလုပ်လုပ် နေတဲ့အချိန်၊ နောက်တော့ ကချင်တပ်က အဖွဲ့တွေရောက် လာတယ်´´ ဟု ယင်းဘုရားကျောင်းဝန်းနေ အသက်ခုနှစ်ဆယ်အရွယ် ဦးဖော်ရင်ဂျွန်နော်က ဆိုသည်။

ဦးခန့်ဂျယ်လသည် KIA အဖွဲ့၏ လူယုံဖြစ်ပြီး ဘုရားကျောင်းဝန်းနေ စစ်ရှောင်ဒုက္ခသည်များအား KIA တပ်ဖွဲ့သို့ ၀င်ရန် လာရောက်စည်းရုံး နေသူဖြစ်ကြောင်းလည်း ယင်းဘုရားကျောင်းဝန်းနေ စစ်ရှောင်မိသားစုများ၏ ပြောပြ ချက်အရ သိရသည်။

``ခဏလိုက်ခဲ့ဆိုပြီးခေါ်တော့ သူတို့လေးယောက်က ငြင်းတယ်။ အဲဒါကို ကချင်စစ်သားတွေက သေ နတ်တွေ နဲ့ ချိန်ပြီး အတင်းဖမ်းခေါ်သွားတယ်´´ ဟု မျက်မြင်ကြုံတွေ့သော စစ်ရှောင်ဒေသခံတစ်ဦးက ပြော သည်။
KIA မှ ဖမ်းဆီးခေါ်ဆောင်သွားသော စစ်ရှောင်ဒေသခံ(၄)ဦးမှာ ဦးဒေါ်ဖော်ဘုံ၊ ဦးဖော်ရမ်လအောင်၊ ဦးကျော်ဖားလ၊ ဦးဖော်သယ်ထုံ တို့ဖြစ်ကြောင်း သိရသည်။

``အသက်တွေက ကြီးနေကြပြီ၊ ဘယ်လိုလုပ်စစ်သားလုပ်နိုင်တော့မှာလဲ၊ နေစရာအိမ်ရာ မရှိလို ဒီဘုရား ကျောင်းမှာ လာပြီး ခိုကပ်နေရတာပါ။ ကျန်ရစ်တဲ့ မိသားစုက ဘယ်သူ့ကို အားကိုးပြီး နေရမှန်းတောင်မသိ တော့ဘူး။ ကချင်တပ်က ဒီလိုသာ လူသစ်လာစုမယ်ဆိုရင် ဒီဘုရား ကျောင်းကနေ အခြား ဒုက္ခသည် စခန်း ကို ပြောင်းမှ ဖြစ်တော့မှာ´´ ဟု စစ်ရှောင်ဒေသခံဒေါ်ဂျာနူးကလည်း ပြောကြားသွားခဲ့သည်။

နော်မိုင်
Kachin Daily News

No comments:

Post a Comment