Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 10, 2014

နယူးယောက် ရဲတပ်ဖွဲ့ဟာ Google Glassကို မှုခင်းနှိမ်နင်းရေးလက်နက်အဖြစ် သုံးမယ်


ရဲစက်ရုပ် ဇာတ်လမ်းစာအုပ်ထဲကလိုပဲ နယူးယောက်ရဲတပ်ဖွဲ့(NYPD)ဟာ Google Glass ကို မှုခင်းနှိမ်နင်းရေးလက်နက်အဖြစ် အသုံးပြုတော့မယ်လို့ သိရပါတယ်။ Google Glassကို တပ်ဆင်ထားတဲ့အတွက် သံသယရှိခံရသူရဲ့ နောက်ကြောင်းရာဇ၀င်တွေကို ရဲတွေရဲ့ မျက်စီရှေ့တင် လှန်လှော်ဖတ်ရှုသွားနိုင် ပါလိမ့်မယ်။
Google Glass တချို့ကို ၀ယ်ယူခဲ့ပြီး စမ်းသပ်လျှက်ရှိကြောင်းနဲ့ မှုခင်းနှိမ်နင်းရေးတွေမှာ အသုံးချသွားနိုင်လိမ့်မယ်လို့ မျှော်လင့်မိကြောင်း အာဏာပိုင်တွေက New York Post သတင်းဋ္ဌာနကို ပြောသွားပါတယ်။
“ကနဦး အဆင့်အနေနဲ့ပေါ့။ ရဲတချို့နဲ့ စမ်းသပ်စစ်ဆေးနေပါတယ်။” လို့ အမည်မဖော်လိုသူတစ်ဦးက နယူးယောက်ရဲတပ်ဖွဲ့ရဲ့ Google Glass အသုံးနဲ့ ပတ်သက်ပြီး ပြောပြသွားပါတယ်။
ကွန်ပျူတာအသုံးချ interface ( program ပေါင်းကူးဆက်စပ်စနစ်) ပါတဲ့ နည်းပညာမြင့် Google Glass ကို တပ်ဆင်ထားခြင်းဖြင့် သံသယရှိခံရသူရဲ့  ဖမ်းဆီးခံရမှုမှတ်တမ်း၊ ရဲမှတ်တမ်းဓာတ်ပုံနဲ့ တခြား အချက်အလက်တွေကို ရဲကရရှိနိုင်ပါလိမ့်မယ်။
“ဒါကိစ္စသာ အလုပ်ဖြစ်မယ်ဆိုရင်၊ Google Glass တပ်ဆင်ထားတဲ့ ကင်းလှည့်ရဲအတွက် အကျိုးများပါလိမ့်မယ်။ Terminator လိုမျိုးပဲ။ တစ်ယောက်ယောက်ဘေးက ဖြတ်လျှောက်လိုက်လို့  အဲ့ဒီ့သူဟာ ရဲအလိုရှိသူ တစ်ယောက်ဖြစ်နေမယ်ဆိုရင် နောက်ခံအချက်အလက်တွေဟာ Google Glassရဲ့ မျက်လုံး screen ပေါ်မှာ ပေါ်လာမှာပါ။ ဒီတော့ လူဆိုးတွေကို စက္ကန့်ပိုင်းအတွင်း ခွဲခြားသိရှိနိုင်သွားတာပေါ့။” လို့  အမည်မဖော်လိုသူတစ်ဦးက ပြောပြခဲ့ပါတယ်။
Ref:nypost.com
Trend Myanmar

No comments:

Post a Comment