Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 13, 2014

ပေါင် တစ်သောင်း အကုန်အကျခံပြီး ကိုယ့်ကိုယ်ကို Devil အဖြစ်ပြောင်းခဲ့သူ


မျက်ဆံအရုပ်ဆွဲခြင်း ၊ သွားအစွယ်တွေ ၊ တက်တူးတွေနဲ့ ဦးချိုတွေတပ်ဆင်ပြီးတဲ့နောက်မှာ သူ့ကိုယ်သူ မကောင်းဆိုးဝါးတကောင်အဖြစ် အသွင်ပြောင်းခဲ့သူကတော့ အသက် ၄၃ နှစ်အရွယ်ရှိ Diablo Delenfer ပါတဲ့။ သူရဲ့ ဒီခန္ဓာကိုယ်ပြုပြင်မွမ်းမံခြင်းတွေအတွက် ပေါင်တစ်သောင်းလောက်တောင် သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။
သူပြောင်းလဲထားတာတွေ အကုန်လုံးက အစစ်တွေပါ။ ဦးချိုစိုက်တာ ၊ လျှာကို ခရင်းခွအသွင် နှစ်ပိုင်းခွဲတာ၊ အနီရောင်မျက်ဆံ တက်တူးထိုးတာတွေအပါအ၀င် အားလုံးပေါ့။ ဒီလို “ခန္ဓာကိုယ်ပြုပြင်မွမ်းမံခြင်း” ဆိုတာကို လိုင်စင်ထုတ်မပေးထားတာကြောင့် ခွဲစိတ်မှုအားလုံးကို မေ့ဆေးမပါပဲ ပြုလုပ်ခဲ့ရပါတယ်တဲ့။
နာမည်အရင်းက Gavin Paslow လို့ခေါ်တဲ့ Diablo Delenfer က သူ့မျက်လုံးကို အဖြူကနေ အနီရောင်ပြောင်းစေမယ့် eyeball tattoo ကိုသုံးခဲ့တာဖြစ်ပါတယ်။ “ကျွန်တော့်ကိုယ် ကျွန်တော် ခန္ဓာကိုယ် ပြုပြင်မွမ်းမံသူ အနုပညာသမားတစ်ယောက်လို့ ဖော်ပြချင်ပါတယ်” လို့ဆိုပါတယ်။
“ကျွန်တော်က လူသားတစ်ယောက်ပါ။ ဒါပေမယ့် ခန္ဓာကိုယ်ပြုပြင်မွမ်းမံခြင်းဟာ ကျွန်တော့်ဘ၀ရဲ့ ခရီးရှည်ကြီးတစ်ခုပါပဲ။ ဒါဟာ အနည်းငယ်ထူးဆန်းနေမယ် ၊ သဘာဝတရားကနေ သွေဖယ်နေမှာ ဖြစ်ပေမယ့် ဒါဟာ ကျွန်တော်ပါပဲ” လို့လည်း ပြောသွားပါသေးတယ်။
သူ့ရဲ့ ပြောင်းလဲမှုအတွက် “Devil Man တစ်ဦးဖြစ်ဖို့ ကျွန်တော်ဘာကြောင့်ရွေးချယ်ခဲ့လဲ ဆိုတော့ အမေရိကန်မှာရော တခြားနေရာတွေမှာပါ အားလုံးက ရှိထားပြီးသားပါ။ ကျွန်တော်က လုံးဝ စေတန်မာရ်နတ်တော့ မဟုတ်ပါဘူး။ ဒါဟာ ပျော်ရွှင်မှု အသေးစားလေးပါပဲ”တဲ့။
ထက်ဆု
Trend Myanmar

Diablo Delenfer Spends £10,000 On Body Modifications To Look Like The Devil - Now He'd Like A Tail

The Huffington Post UK  |
Some people have spent thousands to look like Barbie and Ken, others hanker after Cheryl Cole's dimples.
But one man has fixated on a particular common figure that may make online dating and shopping at the local supermarket a bit of a challenge: Diablo Delenfer has spent £10,000 slowly transforming himself into a traditional image of the devil.
Diablo - real name Gavin Paslow - featured on Channel 5's programme 200 Nips & Tucks And I Want More!, revealing his difficult journey that began in 2007.
http://www.huffingtonpost.co.uk/2014/02/12/diablo-delenfer-devil-man_n_4772370.html

No comments:

Post a Comment