Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 20, 2014

ကျုံပျော်မြို့ပေါ်တွင် ညအချိန်မတော်အိမ်ပေါ်တက် ဓားခုတ်မှုဖြစ်


Friday, February 21, 2014

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့၊ ပင်လုံ ရပ်ကွက်၊ ထောင်လုံပိုင်း၊ ကမ်း နားလမ်းတွင် ညသန်းခေါင်ကျော် အချိန်၊ အိမ်ပေါ်တက်၍ ခြင် ထောင်ထဲတွင် အိပ်နေသူကို ဓား ဖြင့် ခုတ်မှုတစ်ခုဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ (၈.၂.၂၀၁၄) ညနေ(၇း၀၀)နာရီခန့်တွင် လုပ် အားခကြွေး (၁၅၀၀)ကျပ်ရရန်ရှိ သော ကိုဝင်းကျော်သည် တူတော် သူ အီမိုး(ခ)ကိုအောင်ကျော်မိုး နှင့်အတူ ဦးထွန်းဝင်းထံကြွေး သွားတောင်းကြကြောင်း၊ ဦးထွန်း ၀င်း ရှိ/မရှိလှမ်းမေးရာ အိမ်နီး ချင်းဖြစ်သူ ဒေါ်ကျင်သန်းမှအိမ် တွင် လူမရှိကြကြောင်းပြောရင်း နှင့် စကားများရန်ဖြစ်ခဲ့ကြပါ သည်။

အဆိုပါနေ့ညသန်းခေါင် ကျော်အချိန်တွင် ကိုအီမိုး(ခ) ကိုအောင်ကျော်မိုးမှ အိမ်ပေါ်သို့ တက်လာပြီး ခြင်ထောင်တစ်လုံး ထဲတွင် အတူအိပ်နေကြသော ဒေါ်ကျင်သန်း(၅၆)နှစ်နှင့် သမီး မသင်းသင်းလှိုင်၊ မြေးတော်စပ်သူ မသီရိမော်တို့ (၃)ဦးအနက်မှ ဘုရားမီးရောင်ဖြင့် မြင်နေရသော ဒေါ်ကျင်သန်းကိုရွေးချယ်ပြီး ဓား ဖြင့်အချက်ပေါင်းများစွာခုတ်ရာ ဒဏ်ရာကြီး (၅) ချက်ခန့်ပြတ်ရှ ဒဏ်ရာများရရှိခဲ့ပါသည်။ ခြင် ထောင်တွင်လည်း ဓားချက်များ၊ သွေးများစွန်းပေခဲ့ကြောင်း သိရ သည်။

ဓားခုတ်ခံရသူ ဒေါ်ကျင်သန်း ကို ကျုံပျော်ဆေးရုံသို့ ညတွင်း ချင်းပို့ဆောင်ခဲ့ပြီး ယခုအခါ သတိရစကားပြောနိုင်ပြီဖြစ်ကြောင်း နှင့် အခင်းဖြစ်ပွားရာသို့ ကျုံပျော် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပင်လုံရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသွားရောက်ခဲ့ပြီး ကျူးလွန်သူကိုဖမ်းမိရေးအတွက် ဆောင်ရွက်ခဲ့ကြသည်။

(၉.၂.၂၀၁၄)နံနက် (၁၀) နာရီအချိန်တွင် ကျူးလွန်သူဟု ယူဆရသော ကိုအီမိုး(ခ)ကိုအောင် ကျော်မိုးကို သက်သေခံအရိုး အသွား(၁၆)လက်မရှိ ဓားမတစ် ချောင်းနှင့်အတူ ၎င်းရပ်ကွက် အတွင်းမှာပင်ဖမ်းဆီးရမိခဲ့သည်။

ကျုံပျော်မြို့မရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်ဇော်မိုးအောင်မှ အမှုကို ကိုင်တွယ်၍ အမှုမှန်ပေါ်ပေါက် ရေးအတွက် ရဲလုပ်ထုံးလုပ်နည်း များအရ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ဆရာဆောင်း (၈၈)
The Hot News Weekly.

No comments:

Post a Comment