Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 21, 2014

မြန်မာ့ပညာရေး ဗဟိုချုပ်ကိုင်မှု လျှော့ရန် ဆွေးနွေး


Written by  ယုဝေ
ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေ ပြည်တော်၌တွေ့ဆုံချိန်တွင် ပညာရေးတွင် ဗဟိုချုပ်ကိုင်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ ကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စိုးရိမ်သည်ဟု ထောက်ပြခဲ့ကြောင်း NNER အဖွဲ့ဝင် ဦးဝိစာရက မဇ္ဈိမကို မိန့်ကြားခဲ့သည်။
“ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပညာရေးမှာ ဗဟိုချုပ်ကိုင်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အခြေ အနေတွေကို သူလည်း စိုးရိမ်မိပါတယ်လို့ ပြောပါတယ်။ ပညာရေးမူဝါဒရေးဆွဲရာမှာလည်း ဗဟိုချုပ်ကိုင် မှုကို အတတ်နိုင်ဆုံးလျှော့ချသွားမယ်လို့ ပြောခဲ့ပါသေးတယ်”ဟု ဖေဖော်ဝါရီ ၁၉ ရက်တွင် တွေ့ဆုံဆွေး နွေးခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည်။
ဗဟိုချုပ်ကိုင်မှုကို လျှော့ချရန်ဆိုရာတွင် တက္ကသိုလ်များကို ပြည်ထောင်စုအစိုးရ၀န်ကြီးဌာနက ထိန်းချုပ်သည်မှ လျှော့ချရန်နှင့် တက္ကသိုလ်များ သီးသန့်အုပ်ချုပ်ခွင့်ရရှိနိုင်ရန်ကို ဆိုလိုခြင်းဖြစ်သည်။
NNER အဖွဲ့ဝင်ဦးစိုးထွန်းက “ဥပမာပြောရမယ်ဆိုရင် ကျောင်းသားတစ်ယောက် နိုင်ငံရေးလုပ်လို့ထောင် ကျသွားတယ်။ ထောင်ကလွတ်တော့ ကျောင်းဆက်တက်ချင်တယ်။ ဟိုးအရင်ကဆိုရင် ဗဟိုအစိုးရက ချုပ်ကိုင်ထားတော့ အဲဒီကျောင်းသားက ကျောင်းတက်ခွင့်မရဘူး။ တစ်ကယ်ဆိုရင် အဲ့ဒီကျောင်းသားက ကျောင်းတက်ခွင့်ရှိရမယ်။ အဲဒီလိုမျိုးအဖြစ်တွေ မဖြစ်ရအောင် ဗဟိုချုပ်ကိုင်မှုကို လျှော့ချဖို့ ပြောဆိုနေ ကြတာပါ။ ဗဟိုချုပ်ကိုင်မှုကို လျှော့ချလိုက်ရင် အဲဒါတွေ မလိုတော့ဘူး။ ကျောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေ ကို ဆရာ၊ ဆရာမနဲ့ မိဘဆရာအသင်းကနေပဲ ဆုံးဖြတ်တာပဲရှိတော့မယ်”ဟု ဆိုသည်။
အဆိုပါဆွေးနွေးပွဲတွင် NNER မှ လက်ရှိ လုပ်ဆောင်နေသည့် အမျိုးသားပညာရေးမူဝါဒများ၊ အခြေခံမူ ၀ါဒများနှင့် ဆက်လက်လုပ်ဆောင်မည့် အကြောင်းအရာများကို ဆွေးနွေး တင်ပြခဲ့သည်ဟု ဆိုသည်။
NNER အဖွဲ့ဝင် ဦးစိုးထွန်းက “NNER ရဲ့ အခြေခံမူ ၁၄ ချက်ကို ဖော်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည်က တစ်ချက်ကို နည်းနည်း သဘောမကျဘူးလို့ ပြောပါတယ်။ ဘာသာရပ် လွတ်လပ်စွာရွေးချယ်ခွင့်ရှိရမယ် ဆိုတဲ့ အချက်ပါ။ ဥပဒေပြုရာမှာ အခက်အခဲတွေ ရှိနိုင်တယ်။ ကျောင်းသားတွေက ကိုယ်လိုချင်တဲ့ ဘာ သာရပ်ကို မရရင် ပြဿနာတွေ ရှိလာနိုင်ပါတယ်လို့ ထောက်ပြပြောဆိုခဲ့တယ်”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယင်းဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်က ရေးဆွဲထားသည့် အမျိုးသား ပညာရေးမူဝါဒနှင့် NNER ၏မူဝါဒများကို ယှဉ်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။
ယင်းဆွေးနွေးပွဲကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ပညာ ရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းနှင့် NNER အဖွဲ့ဝင် စုစုပေါင်း လူသုံးဆယ်ကျော်ခန့် တက်ရောက်ခဲ့သည်ဟု NNER အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူက အတည်ပြု ပြောကြားသည်။
NNER အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူက “ဒီ NNER ရဲ့ မူဝါဒဆိုတဲ့နေရာမှာ ပြည်သူပြည်သားတွေရဲ့ မူဝါဒပါပဲ။ ကျွန်တော်တို့ ရေးဆွဲခဲ့တာလဲ မဟုတ်ပါဘူး။ အများပြည်သူဆန္ဒအတိုင်း ရေးသားခဲ့တာပါ”ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် နိုင်ငံတော်သမ္မတ၏ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီ၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်တို့ ပူးပေါင်းဆောင်ရွက်သွားရန်လည်း မူအားြုဖင့် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။
Mizzima

No comments:

Post a Comment