- 18 February 2014 |
- By Manawmaya Journal
" ဟေ့ ...ဖိုးအောင်ထွန်း၊ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက် ..." ဟု နှုတ် ဆက်လေ၏။ ကျွန်ုပ်ကလည်း - " ကဲပါ ကိုပီတာကြီးရယ် ...၊ ဈေး ကို လွှတ်ရဦးမှာ၊ ဒီနေ့မနက်စာကို ဘာဟင်း နဲ့စားမလဲ" ဟု ကျွန်ုပ်ကမေးလိုက်ရာ ၎င်းက -
" ထောပတ်ထမင်းနဲ့ ဆိပ်သားနှပ် စားချင် တယ်ကွာ ...၊ ဟင်းချိုကတော့ ပဲစဉ်းငုံကို ချက် ကွာ ...၊ ပြီးတော့ ငါးပိရည်၊ တို့စရာ မထည့်နဲ့၊ သံပရာသီးသနပ်နဲ့ ဘာလချောင်ကြော်၊ ထမင်း စား ပြီးရင်တော့ မုန့်ကုလားမဲနဲ့ ရေနွေးကြမ်း ...၊ အဲဒါ ပြီးရင် နက်စ်ကော်ဖီတစ်ခွက် ခပ်ပြင်းပြင်းလေး၊ နောက်ဆုံးမှာတော့ လန်ဒန်စီးကရက်တစ်လိပ်၊ အဲ သလောက်ဆိုရင်ပဲ တော်ပါပြီ ...၊ ပီတာအဖို့ အို ကေမှာ စိုပြေနေပြီပေါ့ ငါ့လူရာ .." ဟု ဆိုသဖြင့် ကျွန်ုပ်လည်း ထောပတ်ထမင်းချက်ရလေ၏။ ဆိတ် သားကို ဒိန်ချဉ်ဖြင့်နယ်၍ နှပ်ရ၏။ ဘာလချောင် ကြော် ပြုလုပ်ရ၏။ သံပရာသီးသနပ်မှာမူ လုပ်ပြီး သား အဆင်သင့်ရှိ၏။ မုန့်ကုလားမဲမှာလည်း လက် ဆောင်ရထားသည်ဖြစ်သဖြင့် ပူစရာမလိုပေ။ ကျွန်ုပ် သည် ကိုပီတာကြီးအား ဆယ့်တစ်နာရီလောက်တွင် အကျအန တည်ခင်းကျွေးမွေးလေ၏ ゞင်းသည်။
မြိန်ရေယှက်ရေ စားသောက်ရင်း - " ဖိုးအောင်ထွန်းကတော့ တယ်လည်း သဒ္ဓါ တရား အားကောင်းတာကိုး ...၊ နတ်ပြည်တက်ရ ပြီ ..." ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က - " ကိုပီတာကြီး နတ်ပြည်က ဘယ်နေရာမှာ လဲ ..." ဟု မေးရာ ゞင်းက - " မှော်ဘီမှာ ..." ဟု ပြန်၍ ဖြေလေ၏။ ထို့ကြောင့် ကျွန်ုပ်က -
" မဟုတ်တာတွေ ပြောပြီ ..." ဟု ပြန်၍ ပြောလိုက်မိလေ၏။ ထိုအချိန်၌မှာပင် ကျွန်ုပ်ထံတွင် ဗေဒင်သင်ကြားဖူးသော မိန်းမကြီးတစ်ဦး ကျွန်ုပ်အနီး သို့ ရောက်လာလေ၏။ ထိုမိန်းမကြီးသည် လုပ်ပုံ ကိုင်ပုံ အချိုးမကျသဖြင့် ကျွန်ုပ်ထံသို့ လာရောက် တိုင်တန်းသူ အမြောက်အမြားရှိ၏။ ထို့ကြောင့် ထို မိန်းမကြီးအား ကျွန်ုပ်က ]နင်ပဲငဆ}ဆူပူကြိမ်း မောင်းရလေ၏။ ထိုအခါ ကိုပီတာကြီးက -
" ဖိုးအောင်ထွန်းကတော့ ငရဲကျပြီ ..." ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က " ကိုပီတာကြီး ခင်ဗျားပြောတဲ့ငရဲ ဘယ်မှာ လဲဗျ ..." ဟု မေးရာ ကိုပီတာကြီးက - " မှော်ဘီမှာကွ ..." ဟု ပြန်၍ ဖြေလေ၏။ ကျွန်ုပ်သည် ゞင်းအား ပြန်၍ မပြောတော့ပေ။ ကိုပီ တာကြီးသည် စားသောက်ပြီးသွား၍ လန်ဒန်စီးက ရက်တစ်လိပ်ကို ရှိုက်ဖွာနေလေ၏။ ထို့နောက် -
" မင်းကို ပြောရဦးမယ်ကွ ...၊ ဟိုး ရှေး ရှေးတုန်းက ဂျပန်လူမျိုး စစ်သူရဲကောင်း ဆာမူရိုင်း တစ်ယောက်ဟာ ဂျပန်ဘုန်းတော်ကြီး တစ်ပါးဆီကို" အရှင်ဘုရား ..ငရဲပြည်၊ နတ်ပြည်ဆိုတာ တကယ် ရှိသလား ...၊ တကယ်ရှိတယ် ဆိုရင် ငရဲပြည်ကို ဝင်တဲ့ဂိတ်၊ နတ်ပြည်ကို ဝင်တဲ့ဂိတ်ပေါက်ဟာ ဘယ် နေရာမှာလဲဘုရား ..၊ တပည့်တော်ကို ညွှန်ပြပေးပါ ...၊ အဲဒီလို ညွှန်ပြပေးလို့ တပည့်တော်သိထားရင် ငရဲပြည်ဝင်တဲ့ ဂိတ်ကို တပည့်တော် ရှောင် မယ်၊ နတ်ပြည်ဝင် တဲ့ ဂိတ်ကိုတတော်သွားမယ်" လို့ လျှောက်ထားလိုက်တယ် ...၊ အဲဒီမှာ ဘုန်းတော်ကြီးက အဲဒီ ဆာမူရိုင်း ကို " နေစမ်းပါဦး ...၊ မင်းက ဘာလဲ ..." လို့ ပြန်ပြီး မေးလိုက်တယ် ..၊ အဲဒီတော့ ဆာမူရိုင်း က" တပည့်တော်ဟာ စစ်သူရဲကောင်း ဆာမူရိုင်း တစ်ယောက်ပါ" လို့ ဖြေလိုက်တယ် ...၊ ဒါပေမဲ့ ဆရာတော်ကြီးက" မင်းပြောလို့သာပဲ ဆာမူရိုင်းလို့ သိရတယ် ...၊ ငါ့ရဲ့မျက်စိထဲမှာတော့ မင်းဟာ သူတောင်းစား တစ်ယောက် လိုပါပဲ" လို့ ပြောလိုက်ရာ ဆာမူရိုင်းဟာ သိပ်ပြီးစိတ် ဆိုးသွားတယ်၊ အမှန်က ဆာမူရိုင်းတွေဟာ သိပ်ပြီး ရိုးသားကြပါတယ်၊ သူတို့ ရဲ့ခေါင်းထဲမှာလည်း ဘယ်လို ရှုပ်ရှုပ်ထွေးထွေးအရာ တွေမှ မရှိပါဘူး ...၊ အသက်ရှင်တာနဲ့သေတာ နှစ်မျိုးလောက်ကိုပဲအဓိကထားပြီး စဉ်းစားကြပါ တယ် ...၊
" ရှင်မလား၊ သေမလာ" ၊ သေရမယ်ဆို ရင်လည်း အခုချက်ချင်း သေဝံ့တဲ့လူတွေပါ၊ အဲဒီ တော့ ဆရာတော်ကြီးက သူ့ကို သူတောင်းစားနဲ့ တူတယ်လည်းပြောရော ဆာမူရိုင်းဟာ ခါးမှာလွယ် ထားတဲ့ ဓားကြီးကို ဆတ်ခနဲ ဆွဲထုတ်လိုက်တယ်၊ ဓားအိမ်ထဲက တစ်ဝက်လောက်အထွက်မှာပဲ ဆရာ တော်ကြီးက " မင်းအတွက် ငရဲပြည်ရဲ့ဂိတ်တံခါးဟာ ပွင့်သွားပြီ၊ ဘာကြောင့်လဲဆိုတော့ မင်းဟာ ဘုန်း တော်ကြီးတစ်ပါးထံလာပြီး သတ်မယ်၊ ဖြတ်မယ်လို့ ကြံတာကိုး ...၊ အဲဒီတော့ မင်းရဲ့ ငရဲပြည်ဂိတ် တံခါးပွင့်သွားပြီပေါ့" လို့ ပြောလိုက်တယ် ...၊ အဲဒီအခါမှာ ဆာမူရိုင်းဟာ သတိပြန်ဝင်လာ ပြီး ဓားကို ဓားအိမ်ထဲ ဒေါက်ကနဲ ပြန်ထည့်လိုက် တယ် ...၊ ပြီးတော့ ဆရာတော်ကြီးကို လက်အုပ်ချီ လိုက်တယ် ...၊
အဲဒီတော့ ဆရာတော်ကြီးက " ဟော ... ဆာမူရိုင်းရေ၊ မင်းရဲ့နတ် ပြည်တံခါးပွင့် ပြန်ပြီကွ၊ ဘာဖြစ်လို့လဲဆိုတော့ လေးစားကြည်ညိုရမယ့် ပုဂ္ဂိုလ်ကို မင်းက လေးစားကြည်ညိုတယ် မဟုတ် လား ...၊ ငရဲတွေ၊ နတ်ပြည်တွေဆိုတာက အပြင် မှာမရှာပါနဲ့ ဆာမူရိုင်းရယ်၊ မင်းရဲ့ခန္ဓာထဲမှာပါပဲ ...၊ မင်းရဲ့ခန္ဓာတွင်းမှာ ငရဲရော၊ နတ်ပြည်ပါ လုံလုံ လောက်လောက် ထည့်ပြီးသားပါ ...၊ ဘယ်မှာ ရှာမလို့တုံး .."ဟု ပြောလိုက်တဲ့အခါမှာ ဆာမူ ရိုင်းကြီးဟာ သဘောပေါက်သွားတယ် ...၊ အဲဒီတော့ " မင်းသိင်္ခ" လို့ခေါ်တဲ့ မောင်အောင် ထွန်းရေ ...၊ အသက်လည်း မငယ်တော့ဘူး ...၊ ဂိမ်းဘောရောက်နေပြီ၊ မင်းရဲ့ငရဲလမ်းနဲ့ နတ်ပြည် ဟာ ဝေးဝေးမှာမဟုတ်ဘူး ...၊ ဟောဒီ မှော်ဘီ မှာပဲ ...၊ မှော်ဘီမှာတောင် ဟောဒီမရမ်းတလင်း တောမှာပဲ ...၊ ဟောဒီ မရမ်းတလင်းမှာဆိုတာ ထက် ဟောဒီ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ..." ဟု ဆို ကာ ကျွန်ုပ်၏ ရင်ဘတ်ကြီးကို သူ၏လက်ဝါးကြီးဖြင့် ဘုန်းခနဲပုတ်၍ တဟဲဟဲ ရယ်ကာ ကျွန်ုပ်အား နှုတ် ဆက်၍ ခန့်ငြားစွာ လျှောက်လှမ်းထွက်သွားလေ တော့သတည်း။
No comments:
Post a Comment