Sunday, February 23, 2014
မန္တလေး၊ မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ
ယင်းမှာ ခွင့်ပြုမိန့်မရဘဲ ချောင်းဦးမြို့တွင် ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ချောင်းဦး မြို့ခံ ဦးကျော်ဆွေနှင့် ကိုသက်နွယ်ဦးတို့က ဦးဆောင်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ရာတွင် ချောင်းဦးမြို့ ဘောလုံးကွင်းမှ စတင် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ပြီး စည်ပင်သာယာဈေးတွင် အဆုံးသတ်ခဲ့သည်။
"ဒီမြို့မှာ ပထမဆုံး လုပ်တာပါ။ ခွင့်ပြုမိန့်မတင်ဘူး ဆိုတာက သက်ဆိုင်ရာကို ယုံကြည်မှုမရှိလို့ပါ။ တင်လည်းခွင့်ပြုမှာမဟုတ်ဘူး
ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြသည့်အတွက် သက်ဆိုင်ရာက အရေးယူပါကလည်း ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည် ဟု ဦးကျော်ဆွေ က ပြောသည်။
အဆိုပါဆန္ဒဖော်ထုတ်မှုကို ချောင်းဦးမြို့နယ် ရဲစခန်းမှူးက တားမြစ်သော်လည်း ဆန္ဒဖော်ထုတ်ပွဲကို ဆက်လက်ပြုလုပ်ခဲ့သည်။
"အမှန်တရားအတွက် ပြည်သူအတွက် အားလုံးသိသွားအောင် လုပ်တာပါ။ ဒီမှာက အကြောက်တရားတွေ ပြည့်နေတယ်။ ပြခွင့်ရ တယ်။ တောင်းဆိုခွင့် ရှိတယ်ဆိုတာ သိစေချင်တယ်"ဟု ဦးကျော်ဆွေက ပြောသည်။
ဒီပဲယင်း အကြမ်းဖက်မှုကို အန်အယ်လ်ဒီကလည်း မေ့နေကြောင်း၊ နိုင်ငံတော်အစိုးရကလည်း နစ်နာဆုံးရှုံးမှုများကို ဖြေရှင်း မပေးကြောင်း၊ ဒီပဲယင်း အကြမ်းဖက်မှုကို ဖေါ်ထုတ်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် ပြည်သူကို တစ်ဖက်သတ်ဖိနှိပ် ချုပ်ချယ်ထားပြီ်း ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်စေရန် ဟန့်တားထားသော အခြေခံဥ့ဒေ ပုဒ်မ ၅၉ (ဃ)(စ)တို့ကိုလည်း ပယ်ဖျက်ပေးရန်နှင့် ချောင်းဦးမြို့နယ်တွင် ဌာနဆိုင်ရာ အသီးသီးက သိမ်းယူထား သည်များကို မူလပိုင်ရှင်များကို အမြန်ဆုံး ပြန်လည်ပေးအပ်ရန် တောင်းဆိုခြင်းဖြစ်သည်ဟု ဦးကျော်ဆွေက ပြောသည်။
Mizzima - News in Burmese
No comments:
Post a Comment