Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 10, 2014

ဓါးနဲ့ ထိုးပြီး ချစ်သက်သေပြတဲ့ ဇနီးမောင်နှံ


၉.၂.၂၀၁၄ရက်နေ့၂၃၃၀အချိန် စက်ဆန်းနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် ကြည်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်တွင် လင်မယား (၂)ဦး၊ မိမိကိုယ်ကို ဓါးဖြင့်ထိုးကြသဖြင့် ဒဏ်ရာများ ရရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ခင်ပွန်းဖြစ်သူနှင့် ဇနီးဖြစ်သူတို့တွင် ၀မ်းဗိုက်များ၌ ထိုးသွင်းဒဏ်ရာ(၁)ချက်စီရရှိ ထားသည်ကို တွေ့ရှိရသည်ဟု Yangon Police အင်တာနက် စာမျက်မှာ ဖော်ပြထားပါသည်။

ဖြစ်စဉ်အား စုံစမ်းရာ ၎င်းတို့(၂)ဦးသည် အရက်သေစာ သောက်စား ထားကြပြီး စကားများကြရာမှ တစ်ဦးကို တစ်ဦးမည်မျှ ချစ်ကြကြောင်းကို သက်သေပြမည်ဟုဆိုကြကာ ခင်ပွန်းဖြစ်သူမှမိမိကိုယ်ကို ၀မ်းဗိုက်အား ဓါးဖြင့်ထိုးခဲ့သဖြင့် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဇနီးဖြစ်သူမှလည်း မိမိကိုယ်ကိုဝမ်းဗိုက်အားဓါးဖြင့်ထိုးခဲ့သဖြင့် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ ကိုယ်စီရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းတို့(၂)ဦးအား ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရာ အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ် ဆေး ကုသမှုခံယူလျက်ရှိပါသည်။

ယင်းကဲ့သို့ မိမိကိုယ်ကို ဓါးဖြင့်ထိုးခဲ့ကြပြီး သေကြောင်းကြံစည်ခဲ့ကြသူ ဇနီးမောင်နှံ(၂)ဦးအား စက်ဆန်းနယ်မြေရဲစခန်း (ပ)၄၅/၂၀၁၄၊ ပုဒ်မ ၃၀၉ ဖြင့်အမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း Yangon Police သတင်းအရ သိရှိရပါသည်။

thithtoolwin

No comments:

Post a Comment