Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 13, 2014

သန်းခေါင်စာရင်း အချက်အလက်များ ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ထုတ်ပြန်မည်



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

နှစ်ပေါင်း သုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ကောက်ယူမည့် ပြည်လုံး ကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီး ရရှိသည့် အချက်အလက် မူကြမ်းကို ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူ ရရှိသည့် အချက်အလက် စာရင်းအကြမ်းကို ၂၀၁၅ ခုနှစ် အစောပိုင်းတွင် တရားဝင် ထုတ်ပြန်ပေးမည် ဖြစ်ပြီး ကျန်အချက်အလက်များကို ကဏ္ဍအလိုက် ထပ်မံထုတ် ပြန်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို အမှတ်အသား (Code) ဖြင့် ကောက်ယူမည် ဖြစ်ပြီး အဆိုပါ Code ဖြင့် ကောက်ယူသည့် စာရွက်ကို စက်ဖြင့် အချက်အလက် စုဆောင်းမည် ဖြစ်သဖြင့် စာရင်းမြန်မြန်ဆန်ဆန် ထုတ်ပြန်နိုင်သော်လည်း Code နံပါတ်မ ရရှိသူများမှာ ကြန့်ကြာမည် ဖြစ်ကြောင်း ဦးခင်ရီက ပြောဆိုသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် အချက်အလက် မှန်မှန်ကန်ကန် ဖြေဆိုရန် အလွန်အရေးကြီးပြီး တိကျသည့် ကိန်းဂဏန်းများ အချက်အလက်များ ရရှိမှသာလျှင် နိုင်ငံ၏ လက်ရှိနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ရေးဆွဲ အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဌာနမှ သိရှိရသည်။

အဆိုပါ ကိန်းဂဏန်များ အတိအကျကို ရရှိမှသာ လူဦးရေစာရင်း၊ အလုပ်လက်မဲ့နှုန်း၊ လုပ်သားအင်အား၊ စာတတ်မြောက်မှုနှုန်း၊ လူနေမှု အဆင့်အတန်း၊ အိမ် အကြောင်းအရာနှင့် ပိုင်ဆိုင်မှု၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်း၊ ပြည်တွင်း၊ ပြည်ပ ပြောင်းရွှေ့ခြင်း၊ မိသားစု ပုံသဏ္ဌာန်၊ အရွယ်အစား၊ အသက်ကြီးရွယ်အို၊ လူတန်းစား ကွာဟမှု၊ အသက်မွေးလုပ်ငန်း၊ လူမျိုး၊ ဘာသာ စသည့် အချက်အလက်များကို ရရှိနိုင်မည့် ဖြစ်ပြီး ယင်းကိစ္စများနှင့် ပတ်သက်၍ ကိန်းဂဏန်း အတိအကျ ရရှိမှသာလျှင် လိုအပ်ချက်များကို နိုင်ငံတော်က ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်း ယင်းဌာနမှ သိရှိရသည်။

အသက်အရွယ်ကို မှန်မှန်ကန်ကန် ဖြေဆိုမှသာ အလုပ်လုပ်ကိုင်နိုင်သူ ဦးရေ (အသက် ၁၅ နှစ်မှ ၅၉ နှစ်ကြား)၊ အမှန်တကယ် အလုပ်လုပ်ကိုင်နေသူ ဦးရေ၊ အလုပ်လက်မဲ့ နှုန်းများကို တိတိကျကျ ရရှိမည် ဖြစ်ကြောင်း၊ ယင်းမှသာ အလုပ်အကိုင် ဖန်တီးပေးမှုကို အတိအကျ အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း ဦးခင်ရီက ဆိုသည်။
“တက္ကသိုလ်ဝင်တန်း မအောင်တဲ့ သူတွေများတဲ့ နေရာဆိုရင်တော့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေ ဖွင့်ပေးဖို့ လုပ်ရမယ်” ဟု ၎င်းက ဥပမာပေးကာ ရှင်းပြသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူမည် ဖြစ်ပြီး အဆိုပါ စာရင်း ကောက်ယူရန် စာရင်းကောက် တစ်သိန်းခန့်၊ စာရင်းစစ် နှစ်သောင်းခန့် အသုံးပြုမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရှိရသည်။

No comments:

Post a Comment