Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 14, 2014

၂၀၁၄ ကမ္ဘာ့ စာနယ်ဇင်း ဓာတ်ပုံဆုများ

 ကမ္ဘာ့ စာနယ်ဇင်း ဓာတ်ပုံဆုကို အမေရိကန် John Stanmeyer ဓာတ်ပုံဆရာ ရရှိ။ (Djibouti မြို့ ကမ်းခြေမှာ အာဖရိကန် ပြောင်းရွှေ့ဝင်ရောက်လာသူတွေ တဘက်နိုင်ငံ Somalia ရဲ့ ဈေးပေါတဲ့ ဖုန်းလိုင်းကို ဖမ်းယူအသုံးပြုကြစဉ်။)
 Staged Portraits Single ကဏ္ဍအတွက် ပထမရတဲ့ ဓာတ်ပုံဆရာ Brent Stirton ရဲ့ ပုံ။ (အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ Vivekananda Mission School က အရေပြား ဖြူဆွတ်နေတဲ့ မျက်မမြင် လူငယ် ၅ ယောက်။)
 Daily Life Single ကဏ္ဍအတွက် ပထမရတဲ့ ဓာတ်ပုံဆရာ Julius Schrank ရဲ့ ပုံ။ (မြန်မာပြည်က ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ အရာရှိတစ်ဦးရဲ့ ဈာပနက တပ်သားတွေ။)
 Spot News Stories ကဏ္ဍအတွက် ဒုတိယရတဲ့ နယူးယောက်တိုင်းမ်စ် ဓာတ်ပုံဆရာ Tyler Hicks ရဲ့ ပုံ။ (ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့က Westgate ဈေးရုံကို သေနတ်သမားတွေ စီးနင်းစဉ် ပုန်းအောင်းနေတဲ့ အမျိုးသမီးနဲ့ ကလေး ၂ဦး။)
 Observed Portraits Single ကဏ္ဍအတွက် ပထမရတဲ့ AP ဓာတ်ပုံဆရာ Markus Schreiber ရဲ့ ပုံ။ (တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့က နယ်လ်ဆင် မန်ဒဲလား ဈာပနမှာ ရုပ်အလောင်းကို ကြည့်ခွင့်မရတော့လို့ စိတ်ပျက်သွားတဲ့ အမျိုးသမီးတစ်ဦး။)
 Staged Portraits Stories ကဏ္ဍအတွက် ဒုတိယရတဲ့ ပြင်သစ် ဓာတ်ပုံဆရာ Denis Dailleux ရဲ့ ပုံ။ (အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က လူငယ် ကာယဗလသမားတစ်ဦး သူ့မိခင်နဲ့အတူ ဓာတ်ပုံရိုက် ခံယူစဉ်။)
 Nature ကဏ္ဍအတွက် ပထမရတဲ့ National Geographic ဓာတ်ပုံဆရာ Steve Winter ရဲ့ ပုံ။ (လော့စ်အိန်ဂျလိစ်မြို့ Griffith Park က မြို့နောက်ခံ ရှုခင်းနဲ့ ကျားသစ်တစ်ကောင်။)
 Spot News Stories ကဏ္ဍအတွက် ပထမရတဲ့ Reuters ဓာတ်ပုံဆရာ Goran Tomasevic ရဲ့ ပုံ။ (ဆီးရီးယားနိုင်ငံ ဒမာ့စကပ်စ်မြို့မှာ တင့်ကား အမြောက်ကျည်ကြောင့် စင်ထွက်လာတဲ့ အစအနတွေကို ကာကွယ်နေတဲ့ ဆီးရီးယား သူပုန်တွေ။)
 General News Stories ကဏ္ဍအတွက် ဒုတိယရတဲ့ ပြင်သစ် ဓာတ်ပုံဆရာ William Daniels ရဲ့ ပုံ။ (ဗဟိုအာဖရိက နိုင်ငံ Bangui မြို့ လမ်းတွေပေါ်မှာ ဆန္ဒပြကြသူများ။)
 Sports Action Stories ကဏ္ဍအတွက် တတိယရတဲ့ ၾသစေၾတးလ် ဓာတ္ပုံဆရာ Quinn Rooney ရဲ့ ပုံ။ (ၾသစေၾတးလ် ရေကူးပြိုင်ပွဲမှာ ယှဉ်ပြိုင်နေတဲ့ Daniel Arnamnart)
 Spot News Single ကဏ္ဍအတွက် ပထမရတဲ့ ပြင်သစ် ဓာတ်ပုံဆရာ Phillipe Lopez ရဲ့ ပုံ။ (တိုင်ဖွန်းမုန်တိုင်း Haiyan တိုက်ခတ်အပြီး ဖိလစ်ပိုင်နိုင်ငံ Tolosa မြို့နယ်မှာ ဘာသာရေးဆိုင်ရာ စီတန်းလှည့်လည်မှု မြင်ကွင်း။)
General News Single ကဏ္ဍအတွက် ပထမရတဲ့ အီတလီ ဓာတ်ပုံဆရာ Alessandro Penso ရဲ့ ပုံ။ (ဘူလ်ဂေးရီးယားနိုင်ငံ Sofia မြို့မှာ တွေ့ရတဲ့ ဆီးရီးယား ဒုက္ခသည်တွေအတွက် တည်းခိုရာ နေရာ။)

No comments:

Post a Comment