Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 4, 2014

အမေရိက ရဲ့ အထူးဆန်းဆုံး ဥပဒေများ (အပိုင်း ၂)

အမေရိက ရဲ့ အထူးဆန်းဆုံး ဥပဒေများ (အပိုင်း ၁) ဖတ်ရှုရန် Click
အမေရိကအနှံ့က ပြည်နယ်နဲ့မြို့ အတော်များများမှာ ၀က်ဝံနပန်းလုံးတာနဲ့ပတ်သက်တဲ့ ဥပဒေကစပြီး ရှေးရိုးစွဲ ဥပဒေတွေရှိနေပါတယ်။ တချို့ဥပဒေတွေဆိုရင် ၁၈၀၀ပြည့်လွန်နှစ်တွေဆီကို ခေတ်နောက်ပြန်ဆွဲနေသလိုပါပဲ။ အဲ့ဒီ့ဥပဒေတွေကို နဂိုကတည်းက ယုတ္တိရှိမရှိ ဘာလို့များ မစဉ်းစားခဲ့ကြတာလည်းဆိုတာ မတွေးနိုင်တော့ပါဘူး။
ပလက်ဖောင်းပေါ် စကိတ်မစီးရ။

Maineပြည်နယ်၊ Biddefordမြို့ရဲ့ ပလက်ဖောင်းတွေပေါ်မှာ စကိတ်စီးခွင့်မပြု လို့ အမေရိကန်အစိုးရက ထုတ်ပြန်ထားတဲ့ ဥပဒေအမှတ် 62-58အရ သိရပါတယ်။ ကလေးဘ၀မှာ ပျော်ချင်ရင် တခြားမြို့ကိုပြောင်းရင်ပြောင်း၊ မပြောင်းရင်တော့ ကန်ဒေါ်လာ ၁၀ ဒဏ်ရိုက်ခံပြီး မမိခင်စီးရုံသာရှိတယ်။
ဆံပင်ညှပ်ဆိုင်အတွင်း အမေရိကန်မြောက်ပိုင်း သမင်မျိုးစိတ်ဖြစ်တဲ့ moose (ချိုပြားသမင်)မရှိရ။

Alaskaပြည်နယ်ရဲ့ မြို့တော် Juneauက အများပြည်သူစားသုံးရာ အစားအသောက်အရောင်းဆိုင်တွေထဲကို အိမ်မွေးတိရိစ္ဆာန်တွေ ၀င်ရောက်ခွင့်မရှိဘူးလို့ မြို့တော်က ထုတ်ပြန်ထားတဲ့ ဥပဒေအမှတ် 36.25 အရသိရပါတယ်။  ခွေးမွေးထားလဲ အိမ်မှာချန်သာထားခဲ့၊ မဟုတ်လို့ကတော့ ဥပဒေချိုးဖောက်မှုနဲ့ တရားရင်ဆိုင်ဖို့သာ ပြင်ထား။
သူရူးများ နိုင်ငံရေးစကား မပြောရ။

New Mexicoပြည်နယ်ကထုတ်ပြန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပိုဒ်ခွဲ (၇) အရ မဲပေးချင်ရင် မြို့မှာ အနည်းဆုံး ၁နှစ် နေထိုင်ဖူးသူဖြစ်ရပါမယ်။ သင်ဟာ သူရူးတစ်ယောက်၊ စိတ်ဖောက်ပြန်နေသူတစ်ယောက်၊ ရာဇ၀တ်ချိုးဖောက်ဖူးသူ မဖြစ်ရပါဘူး။ ဒီဥပဒေဟာ New Mexicoမှာတင် မဟုတ်ဘဲ Kentucky, Mississippi နဲ့ Ohio ပြည်နယ်တွေမှာပါ အလားတူဥပဒေမျိုးတွေ ပြဋ္ဌာန်းထားပါတယ်။ အဲ့ဒါကြောင့် ၂၀၁၆ခုနှစ် လုပ်မယ့် ရွေးကောက်ပွဲ မှာမဲပေးချင်သေးတယ်ဆိုရင် အဲ့ဒီ့မတိုင်ခင် ပစ်မှုကင်းအောင်နေ၊ ဦးနှောက်ဆေးထားပေါ့။
အိမ်နောက်ဖေး ကြံ့မရှိရ။

ခွင့်ပြုမိန့် မရှိရင်ပေါ့လေ။ Californiaပြည်နယ်၊ ကမ်းနားမြို့ဖြစ်တဲ့ Norcoမှာ ခွင့်ပြုမိန့်ရှိသမျှ ကာလ ဆင်၊ကျားသစ်၊ ၀က်ဝံ၊ သစ်နက်၊ ကြံ့စတာတွေကို မွေးထားခွင့်ရှိတယ်လို့ ဥပဒေအပိုဒ်ခွဲ 8.05.020အရ သိရပါတယ်။ ခွင့်ပြုမိန့်မရတော့ဘူးဆိုရင်တော့ ဘင်္ဂလား ကျားတွေကို အိန္ဒိယသာ သင်္ဘောနဲ့ပြန်ပို့လိုက်ပေတော့။ ဦးဆုံးတစ်ကောင်ကို မွေးဖို့ ခွင့်ပြုမိန့်ကြေး ကန်ဒေါ်လာ ၁၀၀ ကျပြီး တိရိစ္ဆာန်တွေနဲ့ ပတ်သက်ပြီး သိပ်ကျွမ်းကျွမ်းကျင်ကျင် မသိထားဘူးဆိုရင်တော့ အပိုကြေးရှိပါတယ်။
ညနက်နက် ပါတီမပေးရ။ 

Georgia ပြည်နယ်၊ Athensမြို့မှာ နံနက်စောစော မှုခင်းတွေအဖြစ်များတာကြောင့် ညနက်ကျင်းပတဲ့ ပါတီတွေ၊ ကလပ်တွေ စုစုရုံးရုံး လုပ်ခွင့် ပိတ်ပင်ထားပါတယ်။ တားမြစ်ချိန်အကန့်အသတ်ကတော့ ည 2:45 ကနေ နံနက် 7 ထိဖြစ်တယ်လို့ ဥပဒေပိုဒ်ခွဲ 6.18.3အရသိရပါတယ်။ ဒီဥပဒေကို ချိုးဖောက်မိရင်တော့ အန္တရာယ်ကြေးဆိုပြီး ဒဏ်ငွေပေးဆောင်ရပါလိမ့်မယ်။
Ref:takepart
Trend Myanmar

No comments:

Post a Comment