Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 19, 2014

ဘယန်မြူးနစ် လူငယ်ဘောလုံးပြိုင်ပွဲကို မြန်မာအသင်း ၀င်ရောက် ယှဉ်ပြိုင်မည်


Thursday, February 20, 2014

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် ဂျာမန် ဘွန်ဒစ်လီဂါကလပ် ဘေယန်မြူးနစ်အသင်းမှ ကြီးမှူးကျင်းပမည့် ဘေယန်မြူးနစ် လူငယ်ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် သဘောတူ လက်ခံလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ယှဉ်ပြိုင်ရန်အတွက် ဘေယန်မြူးနစ်အသင်း တာဝန်ရှိသူများမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်က MFF မှ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။ 

ယင်းပြိုင်ပွဲကို အာဆီယံဒေသတွင်းမှ မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ပေါင်း၍ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဘေယန်မြူးနစ် လူငယ်ဘောလုံးပြိုင်ပွဲကို လာမည့် မတ်လအတွင်း၌ ကျင်းပသွားမည်ဖြစ်သည်။ “ကျွန်တော်တို့အနေနဲ့ ဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ လက်ခံသဘောတူလိုက်ပါပြီ။ မြန်မာနဲ့ ထိုင်း ဘောလုံးသမား တစ်ဝက်စီပေါင်းပြီး ယှဉ်ပြိုင်သွားမှာပါ။ နည်းပြကိုတော့ ဘယ်သူ့ကို ခန့်အပ်မလဲဆိုတာ နှစ်ဖက်ဘောလုံးအဖွဲ့ချုပ်တွေ ညှိနှိုင်းပြီး ထပ်မံ ဆုံးဖြတ်သွားမှာပါ။ လူငယ်ပြိုင်ပွဲဖြစ်ပြီး ၁၉၉၇ ခုနှစ် နောက်ပိုင်း မွေးဖွားသူတွေ ယှဉ်ပြိုင်ခွင့်ပြုထားပါတယ်”ဟု MFF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ MFF သည် ယင်းပြိုင်ပွဲကို ယှဉ်ပြိုင်ရန်အတွက် လက်ရှိရွေးချယ်ထားသော လူငယ်လက်ရွေးစင်ကစားသမားများ၊ ဘောလုံးအကယ်ဒမီမှ ကစားသမားများကို ရွေးချယ်ကာ စေလွှတ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ဘေယန်မြူးနစ် လူငယ်ဖလား ဘောလုံးပြိုင်ပွဲကို ဂျာမနီနိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ပြီး ဥရောပ၊ အာရှနှင့် တောင်အမေရိက တို့မှ အသင်းများ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။ MFF အနေဖြင့်လည်း မြန်မာလူငယ်ကစားသမားများ အတွေ့အကြုံရရှိစေရန်အတွက် စေလွှတ်ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။

Eleven Media Group

မြန်မာလူငယ် ယူ-၁၆ ဘောလုံးသမားများ လေ့ကျင့်မှု ပြုလုပ်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

No comments:

Post a Comment