Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 26, 2014

ဒဂုံမြို့သစ်မြောက်ပိုင်း ၂၉ရပ်ကွက်အတွင်းရှိဘောလုံးကွင်းအား နိုင်ငံခြားဧည့်သည် ဒေါ်တင်တင်ဝင်းက ဝယ်ယူလိုက်ခြင်နှင့်ပတ်သတ်၍ ရှင်းလင်း


ရန်ကုန်၊ဖေဖော်ဝါရီ ၂၆။

ဒဂုံမြို့သစ်မြောက်ပိုင်း ၂၉ရပ်ကွက်အတွင်းရှိ ပြည်သူများသည် ၎င်းတို့ရပ်ကွက်မှ ပိုင်ဆိုင်ထားသော ဘောလုံးကွင်းအား နိုင်ငံခြားဧည့်သည် ဒေါ်တင်တင်ဝင်းက ဝယ်ယူလိုက်ခြင်နှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၆ရက်က MJNရုံးတွင် ရှင်းလင်းခဲ့သည်။

ဦးမြင့်သန်းက “ဒဂုံမြို့သစ်ကို စတည်ကတည်းက ကွင်းနှစ်ကွင်းရှိတယ် ပန်းခြံနဲ့ဘောလုံးကွင်းပေါ့ ပန်းခြံကတော့ ဘယ်သူကရောင်းလိုက်မှန်း မသိဘူး မရှိတော့ဘူး အခုက ဘောလုံးကွင်းပဲရှိတော့တယ် အခုလည်း ပွဲစားက နိုင်ငံခြားဧည့်သည် ဒေါ်တင်တင်ဝင်းကို ရောင်းထားတယ်လို့ကြားတာနဲ့ ကျွန်တော်တို့ ဒီကိစ္စကိုက န့်ကွက်တာပါ သူရဲ့ယောက်ျားက တရုတ်လူမျိုး အစစ်ဖြစ်ပါတယ် ဒီဘောလုံးကွင်းက ကျွန်တော်တို့က စားလာတာ ၁၀နှစ်ကျော်ပြီး အခုကလေးတွေကလည်း ဘာမှမလိုချင်ဘူး ဘောလုံးကွင်းကိုပဲ လိုချင်ကျတယ် ဒီနေ့နိုင်ငံတော်ကလည်း မြန်မာအားကစား ကမ္ဘာကိုလွမ်းရမယ်လို့ ပြောနေတယ် ဒါပေမဲ့အခုလို ကွင်းသေးသေးလေးတွေကိုတောင် ရောင်းနေမှာတော့ ဘယ်လိုတိုးတက်မှာလည်း ကျွန်တော်တို့ကတော့ သက်ဆိုင်ရာကို စာတင်မယ် သမ္မတကိုလည်း စာတင်မယ် ဘောလုံးကွင်းပဲပြန်လိုချင်တယ် လျှော်ကြေး သိန်း ၃၀၀ ပေးမယ်လို့ပြောတယ် ဒါကိုကျွန်တော်တို့ မလိုချင်ဘူး ဘောလုံးကွင်းကိုပဲ ပြန်လိုချင်တယ်”ဟု ပြောသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင်ရပ်ကွက်ပေါင်း ၂၉ ရပ်ကွက်ရှိရာ အိမ်ခြေပေါင်း ၉၉၉ အိမ်ရှိပြီး ၎င်းတို့သည် ဘောလုံးကွင်းအား ပြန်လည်ရရှိ အောင် လုပ်ဆောင်နေသော ကိစ္စများကို ထောက်ခံကြောင်း သဘောတူလက်မှတ်ရေးထိုးထားကြသည်။

ယင်းကွင်းများမှာ အရှေ့ဘက်တွင် ဦးထွန်းမြင့်လမ်း၊ အနောက်ဘက်တွင် စောရန်ပိုင်လမ်း၊ တောင်ဘက်တွင် သခင်ခင်လမ်း၊ မြောက်ဘက်တွင် သခင်ဗဟိန်းလမ်းများရှိသည့် အမှတ်(၁)ကွင်းနှင့်အရှေ့ဘက်တွင် မြမဉ္ဇူ(၁)လမ်း၊ မြောက်ဘက်တွင် နွယ်သာကီ(၂)လမ်းများဖြစ်တဲ့ ကွင်းအမှတ်(၂)ဟူ၍ရှိသည်။

၎င်းဘောလုံးကွင်း ပြန်လည်ရရှိရေးအနေနဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ပြည်သူများက သက်ဆိုင်ရာဌာနများ၊ သမ္မတဦးသိန်းစိန်တို့ကို စာတင်သွားမည့်ဖြစ်သလို နောက်ဆုံးအနေဖြင့် ဆန္ဒပြသွားရန်လည်း စီစဉ်ထားကြောင်း သိရသည်။

ချစ်မင်းထွန်း
The Myanma Age

No comments:

Post a Comment