Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 11, 2014

အိုဘားမားနှင့် ဘီယွန်းစ်တို့ ဇာတ်ရှုပ်နေကြောင်း ပြင်သစ်အတင်းအဖျင်း မီဒီယာများ စွပ်စွဲ




Tuesday, February 11, 2014

ပြင်သစ်သမ္မတ ဟော်လန်ဒေး၏ အချစ်ဇာတ်လမ်းကို စတင်ခြေရာခံ ထောက်လှမ်းခဲ့သည့် ဓာတ်ပုံသတင်းထောက် တစ်ဦးက အိုဘားမားနှင့် ဘီယွန်းစ်တို့သည်လည်း အလားတူ အတွင်းရေးမျိုး ရှိနေကြောင်း ပြောကြားခဲ့

ပြင်သစ်သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေးနှင့် ရုပ်ရှင်မင်းသမီး တစ်ဦးတို့၏ တိတ်တိတ်ပုန်း ဇာတ်လမ်းကို ဖွင့်ချပြလိုက်ပြီးနောက် ပြင်သစ်အတင်းအဖျင်း မီဒီယာသမားများ၏ ဒုတိယပစ်မှတ်သည် အမေရိကန် သမ္မတ ဘာရတ်အိုဘားမားနှင့် Popဂီတကြယ်ပွင့် ဘီယွန်းစ်တို့ ဖြစ်လာခဲ့ကြောင်း သိရသည်။ ပြင်သစ်သမ္မတ ဟော်လန်ဒေး၏ အချစ်ဇာတ်လမ်းကို စတင်ခြေရာခံ ထောက်လှမ်းခဲ့သည့် ဓာတ်ပုံသတင်းထောက် တစ်ဦးက အိုဘားမားနှင့် ဘီယွန်းစ်တို့သည်လည်း အလားတူ အတွင်းရေးမျိုး ရှိနေကြောင်း ပြောကြားခဲ့သည်။ ဟော်လန်ဒေး၏ ဇာတ်လမ်းတွင်မူ နောက်ဆက်တွဲ ရလဒ်အဖြစ် သမ္မတ၏ လက်တွဲဖော် ဗယ်လာရီ ထရီရာဝီလာက ဟော်လန်ဒေးကို လမ်းခွဲသွားသည်အထိ သက်ရောက်မှု ပြင်းထန်ခဲ့သည်။ ဟော်လန်ဒေးသည် ပြင်သစ်မင်းသမီး ဂျူလီဂေးယက်နှင့် တိတ်တိတ်ပုန်းဇာတ်လမ်း ပေါ်ပေါက်သွားပြီးနောက် အိမ်ထောင်ရေး ဖောက်ပြန်သူအဖြစ် ဝေဖန်မှုများစွာ ရင်ဆိုင်ခဲ့ရသည်။

အစောပိုင်းက ဝါရှင်တန်ပို့စ် သတင်းစာသည် အဆိုပါ ကိစ္စကို ဖွင့်ချရန် စီစဉ်ပြီးမှ ပယ်ဖျက်လိုက်ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း သတင်းစာ၏ လူထုဆက်ဆံရေး ဒါရိုက်တာ ခရစ္စတင်း ကိုရတ်တီက ယင်းကို ငြင်းဆိုခဲ့သည်။ "ဒါကို ကျွန်မတို့ ငြင်းပါတယ်။ သတင်းမှားဆိုတာ ပြောနိုင်ပါတယ်။ ဝါရှင်တန်ပို့စ် အနေနဲ့ ဒီအကြောင်းကို ရေးသားဖို့ အစီအစဉ်ရှိတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး"ဟု သူမက ဆိုသည်။ ဘီယွန်းစ်နှင့် အိုဘားမားတို့သည် အိမ်ထောင်အသီးသီး ရှိနေပြီး သားသမီးများနှင့်အတူ ပျော်ရွှင်သော မိသားစုများကို ပိုင်ဆိုင်ထားကြပြီး ဖြစ်သည်။ ကိုယ်တိုင်လည်း အာဖရိကရင်းမြစ် တစ်ဦးဖြစ်သော ဘီယွန်းစ်သည် အမေရိကန်၏ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာသူ အိုဘားမား၏ နိုင်ငံရေး လှုံ့ဆော်စည်းရုံးမှုများတွင် တက်ကြွထက်သန်စွာ ကူညီခဲ့သူလည်း ဖြစ်သည်။

ဟော်လန်ဒေး၏ လျှို့ဝှက် အချစ်ဇာတ်လမ်းကို ဖွင့်ချပြခဲ့သည့် ဓာတ်ပုံသတင်းထောက် ပက်စ်ကယ်လ် ရိုစတိန်းက အသက်(၅၂)နှစ်ရှိ အိုဘားမားနှင့် အသက်(၃၂)နှစ်အရွယ် ဘီယွန်းစ်တို့သည်လည်း အမေရိကန်၏ ဟော်လန်ဒေးနှင့် ဂေးယက်တို့ပင်ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။ လက်ရှိတွင် ခင်မင်သော မိတ်ဆွေများအဖြစ် လူသိများသော ဘီယွန်းစ်နှင့် အိုဘားမားတို့တွင် ယင်းထက်ပိုနက်ရှိုင်းသော ဆက်ဆံရေးမျိုး ရှိနေကြောင်း ရိုစတိန်းက ဆိုသည်။ "အမေရိကန်မှာ ကိစ္စကြီးတစ်ခု ပေါက်ကြားတော့မယ်ဆိုတာ ခင်ဗျားတို့ သိထားသင့်တယ်။ ဝါရှင်တန်ပို့စ်က ဒီအကြောင်းကို ထုတ်ရေးလိမ့်မယ်။ သေချာတာကတော့ သမ္မတ အိုဘားမားနဲ့ ဘီယွန်းစ်တို့ အကြောင်းကို တစ်ကမ္ဘာလုံး ပြောမကုန်အောင် ဖြစ်နေလိမ့်မယ်"ဟု ရိုစတိန်းက ဂျင်းမက်မော်ရန်ဒီနီနှင့် အင်တာဗျူး အစီအစဉ်တွင် ပြောကြားခဲ့သည်။ ထို့နောက်ပိုင်းတွင် ယင်းအဆိုကို ဝါရှင်တန်ပို့စ်က ပြန်လည်ငြင်းဆန် ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။ ရိုစတိန်းသည် ဟော်လန်ဒေးက ဂေးယက်နှင့် တွေ့ဆုံရန် ပြင်သစ်ရှိ လျှို့ဝှက်သော နေအိမ်လေး တစ်ခုသို့ မထင်မရှား သွားရောက်ခဲ့သည်ကို ခြေရာခံ ဖော်ထုတ်ခဲ့သူလည်း ဖြစ်သည်။

၎င်းက အိုဘားမားနှင့် ဇနီးဖြစ်သူ မစ်ချယ်လ်တို့သည် ဆက်ဆံရေး အေးခဲစ ပြုနေပြီဟုလည်း ဆိုသည်။ "ပထမဆုံး အနေနဲ့ သူတို့ရဲ့ ပုံရိပ်တွေဟာ အနေဝေးသလို ဖြစ်စပြုလာပြီဆိုတာ ရုပ်မြင်သံကြားမှာ တွေ့နိုင်ပါလိမ့်မယ်။ မေးစရာတွေကတော့ ရှိနေမှာပါပဲ။ ဟော်လန်ဒေးနဲ့ ထရီရာဝီလာတို့တုန်းကလည်း ဒီလိုပါပဲ"ဟု ပြောဆိုခဲ့သေးသည်။ ဝါရှင်တန်ပို့စ်က ၎င်း၏ အဆိုကို ငြင်းချက်ထုတ်ခဲ့သည့်နောက် ယင်းကိစ္စကို ပြန်လည်မေးမြန်းသည့်အခါ ရိုစတိန်းက "ဟာသသက်သက် ပြောခဲ့တာပါ"ဟု ပြန်လည် လျှောချသွားသည်။ အိုဘားမားသည် ဘီယွန်းစ်ကို အခိုင်အမာ အားပေးသည့် ပရိသတ် တစ်ဦးလည်းဖြစ်ပြီး ဘီယွန်းစ်ကလည်း မစ်ချယ်လ်၏ အသက်(၅၀)ပြည့် မွေးနေ့တွင် ဖျော်ဖြေမှု အပါအဝင် အိမ်ဖြူတော်သို့ အရောက်အပေါက် များခဲ့သည်။ အိုဘားမားနှင့် မစ်ချယ်လ်တို့တွင် သမီးလေး(၂)ဦးရှိပြီး ဘီယွန်းစ်သည်လည်း အသက်(၄၄)နှစ်အရွယ် ခင်ပွန်းသည် Rapအဆိုတော် ဂျေးဇီးနှင့်အတူ သမီးလေးတစ်ဦးကို ဖွားမြင်ထားခဲ့သည်။

Planet Myanmar Network


Wacky Rumor of the Day: French News Sources Think Obama and Beyoncé Are Having an Affair

Sacrebleu!


Ring the alarm! A French paparazzo is spreading the rumor that Barack Obama is having an affair with — wait for it — Beyoncé. Yes, that Beyoncé.
The photographer Pascal Rostain believes that the news of the high-profile affair will run in the Washington Post tomorrow. His comments were published by Le Figaro, a reputable French newspaper:
“You know, at this time, in the United States, there is something big that is happening. I’ll go out tomorrow in the Washington Post — we can say that it is not the gutter press — an alleged affair between President Barack Obama and Beyoncé.”
The Washington Post clarified to Poynter that they will be publishing no such report. Obviously.

No comments:

Post a Comment