Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 18, 2014

ကံကောင်းတဲ့ ခွေးကလေးရှဲဒိုး

ဂျာမန် သိုးထိန်းခွေး ရှဲဒိုး ဟာ ထောင်ခြောက်မှာမိပြီး သူ့ ရဲ့ ရှေ့ ဘယ်ဖက်လက်ကျိုးသွားတော့ သူ့ သခင်က သူ့ ကိုပစ်သွားခဲ့ပါတယ်။ ကံဆိုးလို့  လက်ကျိုးသွားရပေမယ့် ကံကောင်းတော့ ခွေးချစ်သူဆာရာမေ ကသူ့ ကိုမွေးစားခဲ့ပါတယ်။
အသက်၁၆လရှိတဲ့ ရှဲဒိုးကို စပိန်ကနေ ဆောက်သမ်တန်၊အင်္ဂလန် ကိုခေါ်ဆောင်လာခဲ့ပြီး  ခွေးကလေးကို လက်အတုတပ်ပေးဖို့ အတွက်အလှူငွေကောက်ခံခဲ့ပါတယ်။  ခွေးကလေးကိုလက်အတု တပ်ဆင်ဖို့  ပေါင် ခြောက်ထောင်ကုန်ကျမှာဖြစ်ပါတယ်။ အလှူရှင်တဦးတည်းက ပေါင် နှစ်ထောင်ကို အိမ်တိုင်ရာရောက်လာရောက် လှူဒါန်း လိုက်တဲ့နောက်လိုအပ်တဲ့ ပေါင်ခြောက်ထောင် ပြည့်သွားခဲ့ပါ တယ်။ရှဲဒိုးအတွက် လက်အတုကို အမေရိကန်နိုင်ငံကနေ မှာယူပြီး တပ်ဆင်ပေးခဲ့ပါတယ်။
 ဆာရာက "အံ့သြစရာပါပဲရှင်။ရှဲဒိုးက သူ့ လက်တုကိုချက်ခြင်းပဲဝတ်တယ်။ လက်တုနဲ့  ရှဲဒိုး ကိုတွေ့ ရတဲ့ အလှူရှင်တွေအတွက်တော့ ၀မ်းသာစရာပါပဲ"တဲ့။
the melting pot 4 U
Source

No comments:

Post a Comment