Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 11, 2014

ကေအိုင်အေဌာနချုပ် လိုင်ဇာအနီးတွင် တိုက်ပွဲဖြစ်

ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာအနီးမှာ ဖေဖော်ဝါရီ ၁၀ နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

လိုင်ဇာနဲ့ ၂ နာရီမောင်းရတဲ့ ဂျာအိန်ယန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကေအိုင်အိုအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ညကတော့ လိုင်ဇာနဲ့ ၂ နာရီလောက်မောင်းရတဲ့နေရာ ဂျာအိန်ယန်ဆိုတဲ့ ရွာလေးမှာ ဖြစ်တာ။ ဒါပေမယ့် အဲဒီရွာမှာတော့ အခု ပြည်သူလူထုတွေ ရွာတွေ မရှိတော့ဘူး။ ရွာဟောင်းပေါ့။ ဒါပေမယ့် ကျနော်တို့ရဲ့ ပြည်သူ့စစ်ရှိတဲ့နေရာမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်တယ်။”

အဲဒီဒေသမှာ ကေအိုင်အေ ပြည်သူ့စစ်နဲ့ အစိုးရတပ်တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့လို့ ပြောပါတယ်။ မနေ့ မနက်ပိုင်း နဲ့ ညနေပိုင်းမှာ တိုက်ပွဲဖြစ်တာလို့ ပြောပါတယ်။

ကေအိုင်အေတပ်ဖွဲ့ဝင်တွေရဲ့ စခန်းထိုင်နေရာ ဂျာအိန်ယန်ကျေးရွာနားကို တပ်လည့်တဲ့အတွက် တိုက်ပွဲဖြစ်တာလို့လည်း ကေအိုင်အေအရာရှိက ပြောပါတယ်။ တိုက်ပွဲအ တွင်း နှစ်ဖက်တပ်များ ထိခိုက်ကျဆုံးမှု မသိရသေးဘူးလို့ ပြောပါတယ်။

အလားတူ ကေအိုင်အေ တပ်မဟာ ၃ ရှိရာ မန်စီမြို့နယ်ဘက်မှာလည်း တိုက်ပွဲဖြစ်နေ တယ်လို့လည်း သူက ပြောပါတယ်။

အစိုးရပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် တို့အကြား အပစ်အခတ်ရပ်စဲနိုင်ရေးဆွေးနွေးနေချိန်မှာ အခုလို တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် ဆွေးနွေးမှု အဟန့်အတား ဖြစ်စေတယ်လို့လည်း ပြောပါတယ်။

အလားတူပဲ တအာင်း(ပလောင်)ဒေသမှာ အစိုးရတဲ့နဲ့ တအာင်းတပ်မတော်တို့အကြား နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးရဲ့ ပြန်ကြား ရေးတာဝန်ခံ ဗိုလ်ကြီး အိုက်ကျော်က ပြောပါတယ်။

မနေ့တုန်းကလည်း မန်တုံမြို့နယ် နမ့်ယန်းရွာမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

၂၀၁၄ အတွင်း တိုက်ပွဲပေါင်း ၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အများစုဟာ အစိုးရတပ်က ထိုးစစ်ဆင်မှုကြောင့် ထိတွေ့မှု ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင် အားစုတွေရဲ့ ညီလာခံကနေ တနိုင်ငံလုံး အပစ်အခတ်ရပ်ရေး ဘုံသဘောတူညီချက်ရခဲ့ပြီး ကေအန်ယူ ထိန်းချုပ်နယ်မြေ လောခီးလာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံမှာ တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်းကို ရရှိခဲ့ပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ဒုတိယဥက္ကဋ္ဌ ပဒိုစော ဒေးဗစ်သာကပေါက လွန်ခဲ့တဲ့ရက်ပိုင်းက ဒီဗွီဘီကို ပြောဆိုရာမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တိုက်ပွဲတွေ ဆက်ဖြစ်နေရင် တပြည်လုံး အပစ်အခတ်ရပ်စဲရေး ကြန့်ကြာနိုင်တယ်လို့ သတိပေးထားပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)

အသံဖိုင်နားဆင်ရန်




No comments:

Post a Comment