Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 6, 2014

ရခိုင်ပါတီခေါင်းဆောင်များ မလေးရှားတွင် သေနတ်ဖြင့်ပစ်ခံရ



မလေးရှားနိုင်ငံရောက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်တို့ ကွာလာလမ်ပူမြို့တော် အတွင်း မော်တော်ကားဖြင့် သွားလာနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည် ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းတို့က ဖေဖော်ဝါရီ ၆ရက်တွင် မဇ္ဈိမကို အတည်ပြုပြောကြားသည်။

“ဟုတ်ပါတယ်၊ ဒဏ်ရာမရဘူး၊ စုစုပေါင်း ငါးချက် အပစ်ခံရတာပါ။ ကားတံခါးကို သုံးချက်၊ နောက်ဖုံးမှာ နှစ်ချက် ပါ။ ဒေါက်တာအေးမောင် စီးတဲ့ဖက်က မှန်ကွဲသွားတယ်”ဟု ဦးဇော်အေးမောင်က ပြောသည်။
ဖေဖော်ဝါရီ ၅ ရက် မလေးရှားစံတော်ချိန် ည ၁၁နာရီ ၂၀ခန့်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး မည်သူမျှ ထိခိုက်မှုမရှိဟု ၎င်းက အတည်ပြုသည်။

အဆိုပါ ဖြစ်စဉ်ကို မလေးရှားရဲတပ်ဖွဲ့ထံတွင် အမှုဖွင့်ထားသည်ဟုလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးက ဆိုသည်။ “အခုသူတို့ကို လုံခြုံတဲ့နေရာမှာ ထားပြီးတော့ လုံခြုံရေးလည်း ယူထား ပါတယ်”ဟု ဦးဇော်အေးမောင်က ပြောသည်။

ရခိုင်ခေါင်းဆောင်များသည် မလေးရှားရောက် ရခိုင်လူမှု ကယ်ဆယ်ရေး အဖွဲ့(ARRC)၏ ဖိတ်ကြားမှုဖြင့် ဇန်နဝါရီလ ၂၈ရက် ကတည်းက ရောက်ရှိနေခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ အဖွဲ့ဝင်၆ဦး ပါဝင်သည်။

“ကုန်တိုက်တစ်ခုက အထွက်မှာ လိုက်ပြီး ပစ်တယ်လို့ တစ်ဆင့်ကြားပါတယ်၊ မနက်ဖြန် ပြန်ရောက်ပါလိမ့်မယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကပြောသည်။

ရခိုင်ခေါင်းဆောင်များ၏ မလေးရှားခရီးစဉ်တွင် ဒေါက်တာအေးမောင်နှင့် ဦးအေးသာအောင်တို့ အပါအဝင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ဦးစံကျော်လှ၊ ဦးနိုင်ကောင်းစံ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရန်ကုန်တိုင်း ဥက္ကဋ္ဌ ဦးလှမြင့်၊ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင် တို့လိုက်ပါသွားကြသည်။

Mizzima

ဒေါက်တာအေးမောင် နှင့် ဦးအေးသာအောင်အား မလေးရှားတွင် လုပ်ကြံရန် ကြိုးစားမှုမအောင်မြင်
==============

စစ်တွေ ၊ ၀၆ ဖေဖော်ဝါရီ ၂၀၁၄ ၊ Coral Arakan News ၊ [ သတင်း ]

မလေးရှား ရခိုင်အသိုက်အ၀န်း၏ ဖိတ်ခေါ်မှုဖြင့် မလေးရှားသို့ ရောက်ရှိနေသော ဒေါက်တာအေးမောင် နှင့် ဦးအေးသာအောင် တို့အား သေနတ်သမားအချို့က ပစ်ခတ်လုပ်ကြံခဲ့ကြသော်လည်း မည်သူမျှ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ ဘေးမသီရန်မခ လွတ်မြောက်လာခဲ့ကြသည် ဟု သိရသည်။

ယနေ့ ညနေပိုင်း ကုန်တိုက်မှအထွက်တွင် ရခိုင်ခေါင်းဆောင်နှစ်ဦးနှင့် အဖွဲ့အား ဆိုင်ကယ်သမားတစ်ဦး နှင့် ကားတစ်စီးပေါ်မှ သေနတ်သမားတို့က သေနတ်ရှစ်ချက် ပစ်ခတ်ပြီးနောက် ဗမာစကားဖြင့် “ပြေး . . . ပြေး” အော်ဟစ်ကာ မောင်းနှင်ထွက်ပြေးသွားကြသည် ဟု ဆိုသည်။

သေနတ်သမားများ မည်သူမည်ဝါဖြစ်ကြောင်း မည်သည့်အတွက်ပစ်ခတ်ကြောင်း စသည့် အကြောင်းခြင်းရာ များကို ဖော်ထုတ်နိုင်ခြင်းမရှိသေးပါ။

သို့ရာတွင် မလေးရှားရောက် မြန်မာနိုင်ငံမှ ကုလားအချို့က ရခိုင်ခေါင်းဆောင် နှစ်ဦးအား လုပ်ကြံ သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့မှုများ ရှိခဲ့သည်။

Coral Arakan News

No comments:

Post a Comment